ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်သည်။ ယမန်နေ့ မေလ ၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က မင်းတပ်မြို့အနီးဝန်းကျင်ကို အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင်လည်း မင်းတပ်မြို့ကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိကာ အစိုးရ အဆောက် အအုံနှင့် ဝန်ထမ်းအိမ်ရာများ၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မင်းတပ်မှာ လေယာဉ်က အချိန်တိုင်းဝဲတယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ မထင်ရင် မထင်သလို ပစ်ခတ်မှုရှိတယ်။ မနေ့က ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားပါတယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေက မင်းတပ်မှာ ဖြတ်ထားဆဲပါပဲ။ စတားလင့်ပဲ အဓိက သုံးပြီး ဆက်သွယ်ရတယ်” ဟု မင်းတပ်ဒေသ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသည့် သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed