မဟာမိတ်များနဲ့အတူ မင်းတပ်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ CDF-Mindat က မင်းတပ်မြို့ထဲကို ပြည်သူများပြန်လည် ဝင်ရောက်နိုင်ကြောင်း နဲ့ တပါတည်း လိုက်နာရမယ့်စည်းကမ်းချက်များကို မနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မြို့ထဲပြန်လည်ဝင်ရောက်မယ့်သူများအတွက် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ ရဲ့ ထောက်ခံ ချက်များလိုအပ်မှာဖြစ်ပြီး မြို့သိမ်းစစ်ဆင်ရေးကာလအတွင်း ရန်ပုံငွေထည့်ဝင်ကြောင်း ထောက်ခံချက်များကို မြို့ဝင်ဂိတ်တွင်ပြနိုင်သူများသာ မြို့ထဲဝင်ခွင့်ရမှာဖြစ်ကြောင်း၊ ရန်ပုံငွေထည့်ဝင်ခြင်း မရှိ သေးတဲ့သူများအနေဖြင့်လည်း မြို့ဝင်ဂိတ်မှာ ရန်ပုံငွေထည့်ပြီးဝင်ရောက်ခွင့်ရှိမှာဖြစ်ကြောင်းဖော်ပြထားပါ တယ်။

မြို့ထဲပြန်လည်ဝင်ရောက်နေထိုင်တဲ့ပြည်သူများအနေဖြင့် ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း မြို့ထဲသွား လာခြင်းမပြုရန်၊ မူးယစ်သောက်စားခိုက်ရန်ဖြစ်ခြင်းမပြုရန်၊ လူ ၁၀ ဦးထက်ပိုစုဝေးခြင်းမပြုရန်၊ ခွင့်ပြုချက်မရ ဘဲ ပွဲလမ်းသဘင်မကျင်းပရန်၊ မနက် ၇ နာရီ ကနေ ၉ နာရီအတွင်းသာ အမှိုက်များမီးရှို့ရန်၊ စည်ပင်ဧရိယာနဲ့ ရေစမ်းဦးချောက်များတွင် သစ်ပင်ခတ်ခြင်းမပြုရန်၊ မြို့တွင်း လေသေနတ်ကိုင်ဆောင်ခြင်းနဲ့ လေသေနတ်ဖြင့် ငှက်ပစ်ခြင်းများမပြုရန်၊ ဌာနဆိုင်ရာအဆောက် အအုံများတွင်းဝင်ရောက်ခြင်းမပြုရန်၊ မိမိတို့နေအိမ်အတွင်း မသင်္ကဖွယ်ပစ္စည်းများတွေ့ရှိပါက တာဝန်ရှိသူများထံအ ကြောင်းကြားရန်၊ မြို့တွင်းမြို့ပင်ထွက်ဂိတ်များတွင် တာဝန်အရစစ်ဆေးမေးမြန်းခြင်းကို ပူးပေါင်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်များ ကို လိုက်နာရန် နဲ့ အထက်ပါစည်းကမ်းချက်များဟာ တစ်စုံတစ်ရာပြောင်းလဲထုတ်ပြန်ခြင်းမရှိခင်အထိ အတည်ဖြစ် တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြို့ကိုဖြတ်သန်းသွားလာမယ့် ကုန်စည်သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားများအနေဖြင့် အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့များမှအပ ကျန်ရက်များမှာ ကုန်စည်ပို့ဆောင်ခွင့်ရှိကြောင်း၊ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ မြို့တွင်းမြိုပြင်ဖြတ်သန်းသွားလာခွင့်ပြုကြောင်း၊ မြို့တွင်းရပ်နားခြင်းမပြုရန်၊ မင်းတပ် – မတူပီ ကားလမ်းမကြီးအတိုင်းသာမောင်းနှင်ရန်၊ မြို့တွင်း ဓါတ်ပုံ – ဗီဒီယိုရိုက်ကူးခြင်းမပြုရန်၊ မြို့တွင်းမှာ တစ်နာရီ ကီလိုမီတာ ၃၀ နှုန်းဖြင့်သာမောင်းနှင်ရန်၊ တားမြစ်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရန်၊ မြို့တွင်းညအိမ်ရပ်နား ခြင်းမပြုရန် နဲ့ အထက်ပါစည်းကမ်းချက်များကို ပြောင်းလဲထုတ်ပြန်ခြင်းမရှိခင်အထိအတည်ဖြစ်ပြီး မလိုက်နာ သူများကို အပြစ်ပေးအရေးယူမယ်လို့ဆိုပါတယ်။

မင်းတပ်မြို့ကို CDF-Mindat နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်တိုက်ခိုက်ခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာအပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed