ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး), MDY-PDF က စဥ့်ကူးမြို့နယ်တွင် စစ်​ကောင်စီတပ်စခန်း ၅ ခုထပ်မံသိမ်းပိုက်လိုက်ပြီး စစ်​ကောင်စီတပ် မှ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး ဖမ်းဆီးရမိခဲ့​ကြောင်း ထုတ်ပြန်လိုက်သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ ပြီး ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်း(၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ ရှိခဲ့ပြီဖြစ်သည်ဟု မန္တ​လေး PDF က ယ​နေ့ (ဇူလိုင် ၈)တွင်ထုတ်ပြန်သည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရရှိပြီး လက်နက်ချ အလင်းဝင်သော ပသစ (ပျူစောထီး) တပ်ဖွဲ့များလည်း ရှိ​ကြောင်းအသိ​ပေးထားသည်။

ထို့အပြင စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြသည်။ စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိ​ကြောင်းသိရသည်။

မန္တ​လေး(PDF)က မတ္တရာမြို့နယ်တွင်လည်း စစ်​ကောင်စီတပ်စခန်း ၂၄ ခုသိမ်းပိုက်ထားပြီး စစ်တပ်မှအလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၃၀ ​ကျော်ရှိ​ကြောင်း မန္တ​လေး PDF ​ပြော​ရေးဆိုခွင်ရှိသူ ကို​အော်စမွန်က ဇူလိုင် ၆ ရက်တွင် ​​ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed