မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆန်းဝေးမန်တရီကောအရပ်မှာ မနေ့ မေလ ၂၂ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်မှာ မလေးရှားအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး အထောက်ထားမရှိတဲ့ နိုင်ငံခြားသား ၅၉၇ ဦးကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးအယောက် ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အထောက်ထားမရှိ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား ၂၂၆ ဦး၊ အင်ဒိုနီးရှား (၂၀၁) ၊ ဘင်္ဂလားဒေ့ရှ် (၇၁) ဦး၊ ပါကစ္စတန် (၄၆ ) ဦး၊ နီပေါ (၄၄) ဦး၊ အိန္ဒိယနိုင်ငံသား (၈) ဦးနဲ့ ထိုင်းလူမျိုး ၁ ဦးတို့ ပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံရောက် ချင်းလူမျိုးတစ်ဦးပြောတာက ” အဖမ်းဆီးခံရတဲ့ မြန်နိုင်ငံသားတွေထဲကနေ အယောက် ၁၀၀ ကျော်လောက်က ဇိုမီး (Zomi)တွေလို့ သိရတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ UN လျှောက်ထားတဲ့သူဆိုရင် UN ရုံးရယ်၊ သက်ဆိုင်ရာကော်မတီကနေ လိုက်ပါကူညီဆောင်ရွက်ပေးရင် ပြန်လွတ်မယ်ထင်တယ်၊ UN လျှောက်ထားတာလည်းမရှိ ဘာအထောက်အထားမှ မရှိတဲ့သူက ဖမ်းဆီးခံရမလား၊ မြန်မာပြည်ချက်ခြင်းပြန်ပို့ခံရမလားမသိဘူး” လို့ ပြောပါတယ်။

မလေးရှားမှာ အထောက်ထားမဲ့နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ထောင်မချတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တာတွေကို မေလ ၁၉ ရက်နေ့က စတင်ကျင့်သုံးတော့မယ်လို့ မလေးရှားအာဏာပိုင်တွေက စီစဉ်နေကြောင်းလည်း သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed