အီရန်မှာရှိတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ သုတေသန စခန်း ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ B-2 Spirit မဟာဗျူဟာ​မြောက် ဗုံးကြဲ​လေယာဥ်​တွေဟာ အ​မေရီကန် နိုင်ငံကို၊ မဇ္ဇူရီပြည်နယ်ကို ဇွန် ၂၂ ရက် (အ​မေရီကန်စံ​တော်ချိန် ) ပြန်လည်ဆင်းသက်လာကြပြီဖြစ်ပါတယ်။

အီရန်နိုင်ငံကနျူကလီးယားစီမံကိန်း​တွေဖြစ်တဲ့ ဖော်ဒို၊ နထန်ဇ် နဲ့ အက်စ်ဖာဟန် တို့ကို အာရှအချိန် ဇွန် ၂၁ ရက် ည(အ​မေရီကန်အချိန် ဇွန် ၂၁ ရက်မနက်ပိုင်း )မှာ ဘန်ကာဖျက်ဗုံး​တွေကြဲပြီးမိုင်​ထောင်ချီပျံသန်းကာ အ​မေရီကန်နိုင်ငံ၊ မဇ္ဇူရီပြည်နယ်ကစစ်တပ်သုံး​လေဆိပ်ဖြစ်တဲ့ Whiteman Air Force Base ကို ဇွန် ၂၂ ရက်မှာပြန်လည်ဆင်းသက်ခဲ့ကြတာဖြစ်ပါတယ် ။ B-2 Spirit ​လေယာဥ်​တွေဟာ အသွားအပြန် မိုင်​ပေါင်း ​၁၅၀၀၀ (​လေ​ကြောင်းမိုင်အရဆိုရင် မိုင် ၁၃၀၀၀ )လောက် ၃၆ နာရီ​ကျော်ကြာပျံသန်းခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်က Midnight Hammer လို့အမည်​ပေးထားတဲ့ဒီ စစ်ဆင်ရေးမှာ အ​မေရီကန်စစ်တပ်က B-2 ဗုံးကြဲလေယာဉ်ကြီးတွေအပါအဝင် လေယာဉ် ၁၂၅ စီး ၊ ဧရာမ ဘန်ကာဖျက်ဗုံး ၁၂ လုံး နဲ့ စစ်လက်နက် ၇၅ ခုထက်မနည်း အသုံးပြုခဲ့တယ်လို့အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။ အမေရိကန်သမိုင်းမှာ လေတပ်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး၊ တန်ဖိုးအကြီးဆုံး မဟာဗျူဟာ ဗုံးကြဲ လေယာဉ်တွေဖြစ်တဲ့ B-2တွေကို အရေအတွက် အများဆုံး အသုံးချခဲ့တဲ့ စစ်ဆင်ရေးလို့ အမေရိကန် စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပြောပါတယ်။

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ B-2 ဗုံးကြဲလေယာဉ် စုစုပေါင်း အစီး ၂၀ ထိ အမေရိကန် လေတပ်က ပိုင်ဆိုင်ထားပြီး အခုစစ်ဆင်ရေးအတွက် ၇ စီးနဲ့ အယောင်ပြပျံသန်းမှု မစ်ရှင်အတွက် နောက်ထပ် B-2 တချို့ကိုအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ Midinight Hammer စစ်ဆင်ရေးရဲ့ ဦးစားပေး ပစ်မှတ်ဟာ တောင်တစ်လုံးအောက်မှာနက်နက် ရှိုင်းရှိုင်း တူးဖော် တည်ဆောက်ထားတဲ့ ဖော့ဒို စခန်းဖြစ်ပါတယ်။ အဲဒီ စခန်းကို B-2 ၆ စီးက တစ်လုံးကို ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ ဧရာမ ဘန်ကာဖျက်ဗုံး ၂ လုံးစီ၊ စုစုပေါင်း ၁၂ လုံး ကြဲချခဲ့တာပါ။

Spiritလို့ နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိတဲ့ B-2 ဗုံးကြဲလေယာဉ်ကြီး ၇ စီးဟာ အမေရိကန် စံတော်ချိန်အရ ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ မဇ္ဇူရီပြည်နယ် အခြေစိုက် စခန်းကနေ အီရန်နိုင်ငံဆီ စတင် ပျံသန်း ထွက်ခွာခဲ့ကြပါတယ်။ ၁၈ နာရီကြာ ခရီးစဉ် အတောအတွင်း လမ်းခုလတ်မှာ B-2တွေကို လေထဲမှာတင် ပျံသန်းရင်း ဆီဖြည့်တာတွေလည်း လုပ်ခဲ့ရပါတယ်။ ဗုံးကြဲပြီးတဲ့​​နောက် ဇွန် ၂၂ ရက်မှာ မှာ မဇ္ဇူရီပြည်နယ် ၊Whiteman Air Force Base ကို ဇွန် ၂၂ ရက်မှာပြန်​ရောက်ခဲ့တာဖြစ်ပါတယ် ။

A B-2 Stealth Bomber lands at the Palmdale Aircraft Integration Center of Excellence in Palmdale, California on July 17, 2014, as the US Air Force and manufacturer Northrop Grumman celebrated the 25th anniversary of the B-2 Stealth Bomber’s first flight. Northrop Grumman is the prime contractor for the US Air Force’s B-2 stealth bomber, a key component in the nation’s long range strike arsenal and one of the most survivable aircraft in the world. AFP PHOTO/Frederic J. BROWN (Photo by Frederic J. BROWN / AF

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်