ဇွန် ၆ ရက် မနက်ပိုင်းမှာ မော်စကို အပါအဝင် ရုရှား ဒေသကြီး ၁၃ ခုကို ယူကရိန်းက ဒရုန်းမျိုးစုံ ၄၀၇ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ၂၀၀ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒရုန်း ၂၀၀ စင်း ကျော်ကို ပစ်ချနိုင်ခဲ့သလို ပဲ့ထိန်းဒုံးကျည် ၃ စင်းကိုလည်း ပင်လယ်နက် ဒေသမှာ ဟန့်တားနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တမ်ဗော့ ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ပျက်ကျလာတဲ့ ဒရုန်း အစအနတွေကြောင့် စက်မှုလုပ်ငန်းတခု မီးလောင်ပျက်စီးပြီး လူ ၃ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တူလာပြည်နယ် အုပ်ချုပ်ရေးမှူး ဒီမီထရီ မီရေ့ဗ်ကလည်း ပျက်ကျလာတဲ့ ဒရုန်းတွေကြောင့် စက်မှုလုပ်ငန်းတခု မီးလောင် ဆုံးရှုံးတယ်လို့ ပြောထားပြီး ဆာရာတော့ဗ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရိုမန် ဘူဆာဂင်ကတော့ မဟာဗျူဟာ ဗုံးကြဲလေယာဥ်တွေ အခြေစိုက်တဲ့ Engels-2 လေယာဥ်ကွင်း အနီးက လောင်စာ အခြေစိုက်စခန်းမှာ မီးလောင်ပေါက်ကွဲနေပြီး မီးငြှိမ်းဖို့ ကြိုးပမ်းနေကြောင်း ရုရှား သတင်းဌာနတွေကို ပြောပါတယ်။

Kh-101 နဲ့ Iskander ဒုံးကျည် ၄၅ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး ၃၈ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြို့ပေါ်တွေက အထပ်မြင့် လူနေအဆောက်အဦတွေကို ထိမှန်ပြီး အနည်းဆုံး ၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်