ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ နိုဝင်ဘာ ၁၀ရက် ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက်မှာ ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ လက်နက်တွေတပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနဲ့ ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းတို့တက်ရောက် အမှာစကားပြောကြားပြီး တိုင်းစစ်ဌာနအရာရှိတွေ၊ နည်းဗျူဟာမှူးတွေက PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စတွေ၊ သတင်းထောက်လှမ်းရေး ၊ ထောက်ပို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း အသိပေးထားပါတယ်။

အထူးတိုင်းစစ်ဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ တိုင်းစစ်ဌာနကွပ်ကဲမှူအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတွေ၊ လက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့(LDFs)တွေကို စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ကိစ္စတွေဖြည့်ဆည်းရေးနဲ့ COC နှစ်ရပ်နဲ့အညီ အင်အားစုစည်းတည်ဆောက်ရေး ကြိုးပမ်း ဆောင်ရွက်လျှက်ရှိတယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed