ရုရှားနိုင်ငံဟာ စနေ၊တနင်္ဂနွေနေ့တွေက ယူကရိန်းနိုင်ငံကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ရာမှာ လျှပ်စစ် စွမ်းအင်ထုတ် စက်ရုံ ၃ ခု ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ စွမ်းအင်ထုတ် စက်ရုံတွေက DTEK စက်ရုံတွေဖြစ်တယ်လို့လည်းသိရပါတယ်။ DTEK လျှပ်စစ်ကုမ္ပဏီဟာ ယူကရိန်းနိုင်ငံရဲ့ လေးပုံ တစ်ပုံကို လျှပ်စစ်မီး ရရှိဖို့ လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ ရုရှားဟာ တနင်္ဂနွေနေ့က ဒုံးကျည် အစီး ၂၀၀ နဲ့ ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ လျှပ်စစ်ကုမ္ပဏီ DTEK ဟာ ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိရှိသေးကြောင်း ပြောကြားထားပါတယ် ။ ယူကရိန်း သမ္မတ ဇဲလန်စကီးကလည်း တနင်္ဂနွေနေ့မှာ ရုရှားက စွမ်းအင် အဆောက်အဦးတွေ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် အသေးစိတ်အား ပြောကြားခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

ယူကရိန်း နိုင်ငံက အမည်မဖော်လိုတဲ့ စွမ်းအင်အရာရှိ တစ်ဦးကတော့ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် စွမ်းအင် အဆောက်အဉီး ပျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့မှာ ယူကရိန်းနိုင်ငံ တခုလုံး မီးများ ပြတ်တောက်ခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံအား ပိုမိုတိုက်ခိုက်ရန် ဒုံးကျည်များ စုဆောင်းနေပါတယ်လို့ ယူကရိန်းနိုင်ငံ အရာရှိများက ပြောကြားထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed