တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးတို့ကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း လောင်းလုံးမြို့ပေါ်ရှိ စရဖ ရုံးကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံးထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုရဲအုပ် ၁ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို ညတွင်းချင်း ကား ၂ စီးဖြင့် ထားဝယ်မြို့သို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာ ရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ၂၃ ရက်နေ့မှာ စရဖရုံးကို ထပ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာပေါ့။ အဲတိုက်ခိုက်မှု အတွင်းမှာ စစ်ခွေးတွေဘက်က ဒုရဲအုပ် ၁ ဦးအပါအဝင် ၆ ဦး သေဆုံးတယ်။ ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ ဒဏ်ရာပြင်းထန်တဲ့ စစ်ခွေးတွေကို ညတွင်းချင်း ကား ၂ စီးနဲ့ ထားဝယ်မြို့သို့ အရေးပေါ်ပို့ဆောင်တယ်လို့ သိရတယ်” ဟု လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed