စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်သူများလည်း ပါဝင်ပြီး သေဆုံးသူ အ‌ရေအတွက် ထက်တိုးနိုင်ကြောင်း သိရှိရသည်။

“မင်းကင်းမြို့နယ် တောင်တွင်းဒေသက မင်းစုနဲ့ သာစည်ရွာတွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာလို့ သိရတယ်။ သေဆုံးသူ ၁၀ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦးရှိတယ်လို့ ကနဦးသိရတယ်။ စိုးရိမ်ရတာ ၈ ဦးပါတယ်။ ကလေးတွေလည်း အများအပြားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed