ယ‌နေ့ (ဇန်နဝါရီ ၄ရက်) ကျရောက်တဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ မှာ အာဏာသိမ်း စစ်ကောင်စီက အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး ကို လွှတ်ပေးမယ်လို့ ကြေညာလာပါတယ်။ အရေအတွက် အတိအကျအားဖြင့် အကျဉ်းသူ၊ အကျဉ်းသား ဦးရေ ၅,၈၆၄ ဦးကိုပြန်လွှတ်ပေးမှာပါ။ ပြန်လွှတ်ပေးမယ့် သူတွေထဲမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် မှု ရှိ မရှိကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လွတ်ငြိမ်းတွေမှာတော့ ရာဇဝတ်မှုနဲ့ထောင်ချခံရသူတွေ အများအပြားပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးထောင်ချခံရသူဦးရေကလက်တစ်ဆုပ်စာသာ လွတ်မြောက်ခဲ့တာပါ။ နိုင်ငံတဝန်း အကျဉ်းထောင် ၄၆ ခုထက်မနည်းရှိရာ စစ်တပ်အာဏာသိမ်အပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၃ ရက်အထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး ထိုအထဲမှ ၂,၁၄၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (PPNM) ဇန်နဝါရီ ၃ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတဝန်း အကျဉ်းထောင် ၄၆ ခုထက်မနည်းရှိရာ စစ်တပ်အာဏာသိမ်အပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၃ ရက်အထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး ထိုအထဲမှ ၂,၁၄၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (PPNM) ဇန်နဝါရီ ၃ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် ထောင်ဒဏ်တသက် ကျခံနေရသူ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅နှစ် သို့ လျော့ပေါ့ပြောင်းလဲပေးခဲ့ကြောင်း၊ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed