ယနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အင်အား ပြင်းထန်သည့် ၇.၇ ရစ်ချက်စတာစကေး ရှိသော ငလျင်အနည်းဆုံး ၂ ကြိမ် လှုပ်ခတ်သွားပြီး ငလျင်နောက်ဆက်တွဲ မီးလောင်မှုများ၊ အဆောက် အဦပြိုကျမှုများကြောင့် လူသေဆုံးမှု ရာကျော်ရှိနိုင်ကြောင်း စုံစမ်းသိရှိသည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် ၊ နေပြည်တော် ၊ ကယား (ကရင်နီ) ၊ ကရင်ပြည်နယ် အပါအဝင် နေရာအနှံ့မှ မြို့ကြီးများတွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့ပြီး ဘာသာရေးအဆောက်အဦများ၊ အဆောက်အအုံများ၊ ဘုရား ပုထိုးများ၊ တံတားများ ပြိုကျ ပျက်စီးခဲ့ပြီး လူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Myanmar Now က ဆက်သွယ်စုံစမ်းမှုများအရ ငလျင်ပြင်းထန်စွာလှုပ်ခတ်မှုများကို ရန်ကုန် ၊ မန္တလေး ၊ ၊ ကျောက်ဆည်၊ နေပြည်တော် ၊ စစ်ကိုင်း ၊ အမရပူရ၊ မိတ္ထီလာ၊ အောင်ပန်း ၊ ပင်းတယ၊ မိုးမိတ်၊ ပဲခူး ၊ ကျောက်ဆည်၊ ကလေး၊ မူဆယ် ၊ ယင်းမာပင်၊​ မုံရွာ၊ ဝက်လက်၊ ကျောက်ဆည်၊ ဝမ်းတွင်း ၊ တောင်ငူ ၊ ပုသိမ် စသည့်မြို့ များမှ ဒေသခံများထံက သိရသည်။ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ကြရ သည်။ လက်ရှိတွင် နေရာအနှံ့အပြားမှာ ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်က အထိအခိုက်များခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများ ၏ စစ်ရုံးအပါအဝင် နေပြည်တော်၌ ပြိုကျ ပျက်စီးမှု များပြားခဲ့သည်။

မန္တလေးမြို့တွင်လည်း အဆောက်အဦပြိုကျမှု၊ မီးလောင်မှုများကြောင့် လူသေဆုံးထိခိုက်မှုများရှိပြီး ကူညီကယ်ဆယ်ရေးများ လုပ်နေပြီး အခြေအနေ အတိအကျ မသိရသေးပေ။ ဆေးရုံ၊ ဆေးခန်းများတွင် လူနာအများအပြား ရောက်ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည် ဟု သိရသည်။၇.၇ ရစ်ချက်တာစကေးရှိ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ် ၃ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း လာမည့် ၆ နာရီအတွင်းနောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်၍ ဘေးလွတ်ကင်းရာ နေရာများမှာ နေထိုင်ကြရန် ဖော်ပြထားသည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ယနေ့ မွန်းလွဲတွင် ငလျင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်သောကြောင့် သတိပြုနေထိုင်ကြပါရန်သတိပေးထားသည်။ စစ်ကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေး ပေါ်အခြေအနေအဖြစ် ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား ၂ စင်းအနက် တံတားဟောင်း ဖြစ်သော အင်းတံတား ပြိုကျသွားခဲ့ပြီး စစ်ကောင်စီ၏ အလယ်ပိုင်းဌာနချုပ် အခြေစိုက်ရာ မန္တလေး နန်း တွင်း မြို့ရိုးတချို့ ပြိုကျခဲ့သည်။
မန္တလေးမြို့တောင်ဘက် အင်းဝမြို့ရှိ မယ်နုအုတ်ကျောင်းနှင့်လေးထပ်ကျောင်း ပြိုကျပျက်စီးခဲ့သည်။ မစိုးရိမ်တိုက်ဟောင်း၊ မဟာမြတ်မုနိ၊ နာမည်ကျော် ဦးပိန်တံတား၊ ကျောက်တော်ကြီးဘုရား တို့တွင်လည်း ပြိုကျပျက်စီးခဲ့သည်။ ယနေ့ မွန်းလွဲက ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေးနှင့် နေပြည်တော် ရှိ နိုင်ငံတကာ လေဆိပ်နှစ်ခုပျက်စီးခဲ့သည်။

နေပြည်တော်နှင့် မန္တလေးရှိ နိုင်ငံတကာလေဆိပ်နှစ်ခု ထိခိုက်ပျက်စီးမှုရှိပြီး သေဆုံးသူများ ရှိနေကြောင်း စုံစမ်းသိရသည်။နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ကွန်ထရိုးတာဝါ ပြိုကျခဲ့ပြီး ထိုနေရာ၌ အလုပ်လုပ်နေသူများ သေဆုံးသွားသည်ဟု နယ်ခံတစ်ဦးက ပြောသည်။ “နေပြည်တော် လေဆိပ်က Control Tower ပြိုကျပျက်စီး၊ ဝန်ထမ်းတွေသေကုန်တယ်လို့ကြားရတယ်။ ဖုန်းက ပြောနေရင်းနဲ့ ပြတ်ကျသွားတာ”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတာဝါတွင် လေကြောင်းလိုင်းပညာရှင် ၂၀ ခန့်အပါဝင် စုစုပေါင်းလုပ်ကိုင်နေသူ အနည်းဆုံး ၄၀ ခန့် ရှိပြီး ပြိုကျမှုအတွင်း အားလုံးသေဆုံးသည်ဟု စစ်ကောင်စီတပ်အရာရှိတစ်ဦးကလည်း လတ်တလော ပြောဆိုထားသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ အလားတူ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း လေဆိပ်မုခ်ဦးနှင့် အဆောင်ပြိုကျပျက်စီးသွား သည်၊ အဆိုပါအခြေနေကြောင့် မန္တလေးလေဆိပ်ကို ဆင်းသက်မည့် လေယာဉ်များသည် ရန်ကုန်လေဆိပ် သို့ ပျံသန်းနေရသည်ဟု သိရသည်။

“မန္တလေး လေဆိပ်မုခ်ဦးတွေ ပြုတ်၊ အဆောင်တွေ ပြိုကျတယ်။ ဟိုတယ်တွေပြိုတယ်။ ဆင်းမယ့် လေယာဉ်ပျံတွေ ရန်ကုန်ကို ပြန်လှည့်နေကြရတယ်။ အဲဒီလေယာဉ်တွေကို Handle လုပ်ဖို့ ဝန်ထမ်းတွေ အလုပ်ရှုပ်နေကြတယ်” ငလျင်ကြောင့် ရန်ကုန်နှင့်မန္တလေး လေဆိပ်များ လေယာဉ်အသွားအလာများ ရပ်တန့်ထားကြောင်း မြန်မာ လေကြောင်းလိုင်းများက ယနေ့ ညနေ ၅ နာရီတွင် ကြေညာထားသည်။

သေဆုံးသူများမှာ ဆယ်ကျော်သက်အရွယ် ကိုးတန်းဖြေထားသည့် ကျောင်းသူ ၁ ဦး၊ အသက် ၇၀ ကျော် အရွယ် အမျိုးသား ၁ ဦး၊ လသားအရွယ် မိန်းကလေးငယ် ၁ ဦးတို့ဖြစ်သည်။ ရေထဲမျောပါသွား သည့် အသက် ၃၀ ကျော် အမျိုးသမီးကို ဒေသခံများ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည် ဟု ဆရာတော်က ယနေ့ ညနေ ၄ နာရီဝန်းကျင်က မိန့်သည်။ အိမ်ခြေ ၁၃၀ ကျော်ရှိသည့် ဇရပ်ကြီးရွာမှာ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှုများရှိပြီး ဘုန်းကြီးကျောင်း ပင်မကျောင်းဆောင်၊ ဇရပ်၊ မီးဖိုဆောင်အပါအဝင် အဆောက်အဦးများ ပြိုကျ ပျက်စီးသွားကြောင်း ဆရာတော်က မိန့်ကြားသည်။

“လက်လုပ်လက်စားအိမ်တွေကများတယ်။ အင်းအလယ်မှာ ဖြစ်တဲ့အတွက် အနေအထိုင်က တော်တော် လေး ကျဉ်းကျပ်တယ်။ အစားအသောက်၊ ဆေးဝါးကုသမှု အသေးစိတ်ကအစအကုန် အကူအညီ လိုအပ် နေတယ်။ ခုက ကိုယ့်ရွာနဲ့ကိုယ် ဒီလိုပဲ လုပ်နေရတာ”ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဟိုတယ် ပြိုကျခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးသည်ဟု မြို့နယ် နာရေးကူညီမှုအသင်းထံက သိရသည်။

တောင်ငူမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ နီးပါး ရှိနေ ကြောင်း ကူညီကယ်ဆယ်ရေးပေးနေသည့် ပရဟိတအဖွဲ့များထံက သိရသည်။ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဝေဠုဝန်ကျောင်းတိုက်မှ ဓမ္မစကူး ဖွင့်ထားသည့် ကျောင်းဆောင် ပြိုကျမှုတွင် ကလေး ၅ ဦးနှင့် ကိုရင် ၁ ဦးသေဆုံးခဲ့ပြီး ကန်တော်ဗလီမှ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

“ တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်ကလေးတွေအတွက် ဓမ္မစကူးလ်သင်တဲ့ နေရာလေး အုတ်ကျောင်းပေါ့။ အပေါ်က အာစီလောင်းထားတာ အပေါ်က ကွန်ကရစ်၊ ဘေးကလည်း ကွန်ကရစ် မိုးထားတဲ့ ရှေးဟောင်းအဆောက်အဦ၊ အဲ့ဒီအဆောက်အဦထဲမှာ ဓမ္မစကူးလ်သင်မယ့် ကလေးလေး ၆ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်ကလေး ၆ ယောက်သေသွားတယ်… ပိပြီးတော့” ဟု ကူညီကယ်ဆယ်ရေးပေးနေ သည့် Save The Trees Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“ ဝတ်ပြုနေတဲ့ ကန်တော်ဗလီမှာ ၂ ယောက်သေတယ်။ အားလုံးပေါင်းတောင်ငူမှာ ကျွန်တော်တို့ သိသ လောက်တော့ ၈ ယောက်သေတယ်”

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်