ဟားမတ် နဲ့ အစ္စရေးလ်ကြား အပစ်ရပ်ရေး သဘောတူညီချက် ရရှိသွားပြီး ဒီသဘောတူညီချက် အရ စစ်သွေးကြွ အဖွဲ့က တနှစ်ကျော်ကြာ ဖမ်းထားတဲ့ ဓားစာခံ တချို့ ပြန်လွတ်လာစေမှာ ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းသူတွေနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ရွေးကောက်ခံ သမ္မတ Donald Trump က နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အမည်တင်သွင်းထားသူ အထက်လွှတ်တော် အမတ် Marco Rubio ကို အထက်လွှတ်တော်မှာ ကြားနာမှု အတွင်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အကြီးအကဲ အထက်လွှတ်တော် အမတ် Jim Risch က ဒီသတင်းကို ပြောခဲ့တာပါ။

ဒါပေမဲ့ သတိထားဖို့လည်း အထက်လွှတ်တော် အမတ် Risch က ပြောပါတယ်။ ဒီသဘောတူညီချက်ကို အောင်ပွဲမခံခင်မှာ ဒီသဘောတူညီချက်ကို ဘယ်လို အကောင်အထည်ဖော်သလဲဆိုတာကို တွေ့မြင်လိုတယ်လို့လည်း သူက ပြောပါတယ်။ အပစ်ရပ်ရေး သဘောတူညီချက် သတင်းကိုတော့ ပါတီကြီး ၂ ရပ်လုံးက ကြိုဆိုကြပါတယ်။ ကော်နက်တီးကပ် ပြည်နယ် ဒီမိုကရက် အထက် လွှတ်တော် အမတ် Chris Murphy က ဒါက သတင်းကောင်းပါလို့ အထက်လွှတ်တော် အမတ် Risch ကို ပြောဆိုခဲ့ပါတယ်။

အပစ်ရပ်ရေး အဆိုပြုချက်ရဲ့ သတ်မှတ်ချက်တွေကိုတော့ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှာ ဖြစ်ပြီး ဓားစားခံ တချို့ ပြနလွတ်လာမယ်လို့ အမေရိကန် တာဝန်ရှိသူ ၃ ဦးက AP သတင်းအေဂျင်စီကို အတည်ပြုပါတယ်။ ၂၀၂၃ ခုနှစ်အောက် တိုဘာလ အတွင်း ဟားမတ်တို့ အစ္စရေးလ်ကို တိုက်ခိုက်ခဲ့ချိန်ကစလို့ ဖမ်းထားတဲ့ ဓားစားခံ တချို့ကို ဟားမတ်တို့က ပြန်လွှတ်ပေးမှာ ဖြစ်ပြီး အစ္စရေးလ် အာဏာပိုင်တို့ကလည်း ပါလက်စတိုင်း အကျဉ်းသား တချို့ကို လွှတ်ပေးမှာ ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed