အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်တွင် ချင်းဘာသာရေးအဖွဲ့အစည်းနှင့် မီဇိုရမ်ပြည်နယ်က ဩဇာကြီးမားသော မီဇိုးအရပ်ဖက်အဖွဲ့အစည်းတို့ ယနေ့ ဇွန်လ ၃ ရက်နေ့၌ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသော ‘ချင်း’ အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းအသင်းတော် (Chin Baptist Churches of USA -CBCUSA) က အိမ်ရှင်အဖြစ်တာဝန်ယူကာ မီဇိုရမ်ပြည်နယ်မှ မီဇိုရမ်နှစ်ခြင်းအသင်းတော် (Baptist Church of Mizoram – BCM)၊ ဗဟိုမီဇိုးလူငယ်အသင်း (Central Young Mizo Association -CYMA)၊ မီဇိုးကျောင်းသားသမဂ္ဂ (Mizo Zirlai Pawl -MZP) ၊ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းမြောက်အမေရိက (Chin Baptist Association of North America -CBANA)၊ ဇိုမီးနှစ်ခြင်းအသင်းတော်အမေရိက (Zomi Baptist Churches of America- ZBCA) တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အစည်းအဝေးတွင် လက်ရှိချင်းလူမျိုးများ ကြုံတွေ့နေရသော စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများနှင့် အခက်အခဲများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးအခြေအနေများ ဆွေးနွေးကြသည်ဟု CBCUSA ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းအစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်မှ CYMA ဥက္ကဌ Pu Lalhmachuana နှင့် MZP ဥက္ကဌ H.Lalthianghlima တို့အပါအဝင် ချင်းဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးအတွက် အစပျိုးသည့် ခြေလှမ်းဖြစ်သည်ဟု CBCUSA က ဖော်ပြထားသည်ဟု သိရပါတယ်။

ဒါအပြင် ယင်းအစည်းအဝေးတွင် ချင်းဘာသာရေးအဖွဲ့အစည်း ခေါင်းဆောင်များနှင့် မီဇိုရမ်ပြည်နယ်က ဩဇာကြီးမားသော မီဇိုးအရပ်ဖက်အဖွဲ့အစည်းတို့ မှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြသည်ဟု Rev. Dr. Pau Khan Khai (President of ZBCA) ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

အစည်းအဝေး တက်ရောက်သော ခေါင်းဆောင်များ

  1. Rev. Dr . Ceu Lian Thang – CBCUSA
  2. Rev. Zathawngcin – CBCUSA
  3. Pu Vanceu Uk – CBCUSA
  4. Rev. Dr. Pau Khan Khai – ZBCA
  5. Rev. Dr. Pau Khan Lian – ZBCA
  6. Rev. Dr. Tun Cin Kap- ZBCA
  7. Rev. Dr. Muana Khuptong – ZBCA
  8. Rev. Dr. Ci Lian Kap- CBANA
  9. Rev. Nun Uk – CBANA
  10. Rev. Dr. Hre Mang – CBANA
  11. Pu Lalruatkima- BCM
  12. Pu Lal Hma Chuana- CYMA President
  13. Pu H Lal Thiang Hlima- MZP President
  14. Pu Chin Khan Manga – MZP GS

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed