အမေရိကန်သမ္မတ ထရမ့်နှင့် ကာတာဘုရင် ကာတာအမ်မာ ရှိတ်ခ် တာမင် ဘင် ဟာမတ် အလ် သာနီတို့သည် အမေရိကန် ၁ ဒဿမ ၂ ထရီလီယံ တန်ဖိုးရှိ နှစ်နိုင်ငံ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ယနေ့ (မေ ၁၅ ရက်) တွင် လက်မှတ်ထိုးခဲ့ကြောင်း Aljazeera သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ထိုသဘောတူညီချက်များတွင် အမေရိကန်ဒေါ်လာ ၉၆ ဘီလီယံတန်ဖိုးရှိ အမေရိကန်နိုင်ငံထုတ် Boeing 787 Dreamliner နှင့် 777X လေယာဉ် အစင်း ၂၁၀ အထိ ကာတာလေကြောင်းလိုင်း (Qatar Airways) က ဝယ်ယူရန် ပါဝင်သည်။

ထို့ပြင် ကာတာနိုင်ငံရှိ အလ် အူဒေး လေတပ်စခန်း (Al Udeid Airbase) နှင့် အခြား လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုလည်း သိရသည်။ သမ္မတ ထရန့်မ်သည် အရှေ့အလယ်ပိုင်း ဆော်ဒီအာရေဗျမှ ထွက်ခွာလာပြီးနောက် ကာတာနိုင်ငံသို့ ရောက်ရှိစဉ် ထိုသဘောတူညီချက်များကို ကာတာဘုရင်နှင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်၊ တူရကီနှင့် ဆီးရီးယား အရာရှိများပါဝင်သော အစည်းအဝေးတစ်ခုလည်း ပြုလုပ်ရန်ရှိပြီး ထိုအစည်းအဝေးတွင် ဆီးရီးယားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းသည့် အသေးစိတ်အချက်အလက်များ ဆွေးနွေးမည်ဖြစ်သည်။ ဒိုဟာမြို့သို့ရောက်နေသည့် သမ္မတထရမ့်ကို ကာတာနိုင်ငံက တစ်ခမ်းတစ်နားကြိုဆိုခဲ့ပြီး မြို့တွင်းရှိ မိုးမျှော်တိုက် အဆောက်အဦးများကိုလည်း အမေရိကန်နိုင်ငံအလံ အနီ၊ အဖြူနှင့် အပြာရောင် မီးများဖြင့် အလှဆင်ထားသည်ကိုတွေ့ရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed