အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်တွင် ဒေသခံ ၃၀၀ဦး ဝန်းကျင်သည် ပြင်းထန်ဝမ်းပျက်ရောဂါ ကူးစက်ခံရပြီး ထိုအထဲမှ ၃၀ဦးသည် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်ဟု ULA/AA ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ ဝမ်းပျက်ရောဂါသည် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ လုံတလိုင်ခရိုင်၊ ကာကီ၊ တွီတင်း၊ လုံးတင်း ကျေးရွာများမှတဆင့် အစပျိုး ကူးစက်လာခြင်းဖြစ်ပြီး လက်ရှိ အတွင်းလူနာများလည်း ပြည်လည်သက်သာလာမှုများရှိနေကြောင်း ဆိုသည်။

ပြင်းထန်ဝမ်းရောဂါ ကူးစက်ခံရသူများကို အရေးပေါ် တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပလက်ဝခရိုင် ဒေသအဖွဲ့အစည်းများ ၊ NGO/ CSOနှင့် ပူးပေါင်း၍ ဆေးကုသရေးခြင်း၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိသည်ဟု ULA/AA ပြည်သူ့ကျန်းမာရေးဌာနက ပြောသည်။ ထို့အပြင် ပလက်ဝခရိုင်နှင့် ဆက်စပ်နေသည့် ဒေသများကိုပါ ပြင်းထန်ဝမ်းပျက် ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး ကူးစက်မှုနှုန်း လုံးဝမရှိတော့သည်အထိ ဆောင်ရွက်မည်ဟု ဆိုသည်။

နိုင်ဝင်ဘာလ၄ရက်မှ စတင်၍ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ကူးဆက်လူနာ အသစ် ၅ရာခိုင်နှုန်းအောက်သို့ လျှော့ကျလာသည်ကို တွေ့ရပြီး ကူးဆက်မှုနှုန်းလျှော့ကျလာသည်ဟု ULA/AA ပြည်သူ့ကျန်းမာရေးဌာနက ပြောသည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာတွင် နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားခဲ့ပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များ စုစုပေါင်း ၅ဦးသေဆုံးခဲ့ကြောင်း မီဇိုရမ်ဒေသတွင်းသတင်းများအရသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed