ချင်းပြည်နယ် တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက်နေ့မနက်ပိုင်း ၇ နာရီ ဝန်းကျင်မှာ ကွယ်လွန်သွားတယ်လို့ PDF Zoland က ဒီကနေ့ ထုတ်ပါတယ်။ ကျဆုံးသူဟာ အသက် ၄၀ အရွယ် ဦးပေါင်ခန့်ခိုင် (ခ) Pau Khan Khai ကိုစစ်သား ဖြစ်ပြီး PDF Zoland အဖွဲ့ရဲ့လက်နက်ကြီးပိုင်းတာဝန်ယူထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

နေမကောင်းလို့ တစ်လနီးပါး ဆေးကုသမှုခံခဲ့ပေမယ့် ဆေး‌ဝါး မလုံလောက်မှု၊ ထိရောက်စွာကုသနိုင်မှုမရှိတာကြောင့် မီဇိုရမ်ပြည် နယ်သို့ ဆေးဝါးကုသရန် သွားရောက်နေချိန်မှာ အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းမှာ ကွန်လွန်ခဲ့တာလို့ သိရပါတယ်။ ကိုစစ်သားဟာ အရင် စစ်တပ်မှာလက်နက်ကြီးပိုင်းမှာ တာ၀န်ထမ်း‌ဆောင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် CDM ပြုလုပ်ပြီး တော်လှန် ရေးမှာ တိုက်ပွဲ၀င်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်တော်လှန်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ တက်တက်ကြွကြွပါဝင်ပြီး အမြင့်ဆုံး ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတစ်ဦး ဆုံးရှုံးလိုက်ရတဲ့အပေါ်မှာ အလွန်ပင် ဝမ်းနည်းကြောင်း PDF Zoland က ထုတ်ပြန်ထားပါတယ်။

Hits: 2

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်