အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မော်တော်ကားနှင့် အိမ်ခြံမြေကဲ့သို့သော ပိုင်ဆိုင်မှုများကို အာမခံမရှိဘဲ ၀ယ်ယူဖို့ မရနိုင်ပါဘူး။ ယူအက်စ်နိုင်ငံတွင် အသက်အာမခံကို မရှိမဖြစ် ၀ယ်ယူပိုင်ဆိုင်ထားရမည်ဟု ဥပဒေပြဌာန်းချက်မရှိသော်လည်း အမြော်အမြင်ရှိသူတို့က မိမိတို့၏ မိသားစု၀င်များအတွက် အရေးကြီးသောအရာအဖြစ် သတ်မှတ်ကြသည်။ အသက်အာမခံကြေးသည် နာမကျန်းမှုကြောင့်သော်လည်းကောင်း၊ သေဆုံးမှုကြောင့်သော်လည်းကောင်း ကိစ္စတစ်ခုခုဖြစ်ခဲ့သော် ကျန်ရစ်သူမိသားစုအတွက် ကုန်ကျသက်သာစေရန်၊ ဒါမှမဟုတ် ထောက်ပံ့ကြေးရစေရန် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။

ထို့အတွက်ကြောင့် ယူအက်စ် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးများတို့က အာမခံကုမ္ပဏီများကို တည်ထောင်ကြပြီး အားသွန်ခွန်စိုက် လုပ်ဆောင်ကြသည်။ ထိုအသက်အာမခံကုမ္ပဏီကြီးများထဲတွင် Fidelity & Guarantee Life Insurance Company နဲ့ ချိတ်ဆက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် Freedom Equityi Group (FEG)သည် ကုမ္ပဏီတွင် တစ်နှစ်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်းထိ ရောင်းထွက်နိုင်သည့် ၀န်ထမ်းကောင်းများကို ရှယ်ယာ၀င်အဖြစ် ပါ၀င်နိုင်ရန် ခွင့်ပြုပေးထားပြီး ကုမ္ပဏီရရှိသော အကျိုးအမြတ်ပေါ် မူတည်ပြီး အပိုဆုကြေးငွေများကို ပေးအပ်ချီးမြှင့်လျက်ရှိသည်။

ဤ FEG ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်အတွက် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်း ရှာဖွေလုပ်ဆောင်နိုင်သော ကုမ္ပဏီရှယ်ယာ၀င်များကို ဇွန်လ ၂၂ ရက်နေ့တွင် ရှယ်ယာဝေမျှခြင်းအခမ်းအနားကို ပြုလုပ်ပြီး ယူအက်စ်ရှိ နာမည်ကြီး မြို့တစ်မြို့ဖြစ်သော Las Vegas တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုနေရာမှာ ၀န်ထမ်းဦးရေနှင့် လူမျိုး အမြောက်အများထဲမှ Tulsa မြို့နေ ဒေါ် Dim Cing (Mang Nu) နှင့် ဦး Kam Suan Mang (Tungzang) တို့ဇနီးမောင်နှံက ကုမ္ပဏီရှယ်ယာ၀င် ထိပ်ဆုံး အဆင့် ၇ အဆင့်ကို ချိတ်ထားပြီး ဆုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ၁.၇၂ သန်းကျော်ရရှိသည်ဟု ကြားသိရသည့်အတွက် Tongsan Media Group မှ ၀မ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြားအပ်ပါသည်။

ထို့ပြင်မကဘဲ သူတို့စတင်ခဲ့သည့်အဖွဲ့မှ မြန်မာပြည်ဖွား လုပ်ဖော်ကိုင်ဖက် ၆၀ ကျော်ကလည်း ဆုချီးမြှင့်ခြင်းခံခဲ့ကြရာ၊ သူတို့အထဲမှ ဒေါ် Cing Nuam Ciang သည် ယူအက်စ်ဒေါ်လာ ၀.၅၆ သန်းကို ရရှိခဲ့သည်။ တခြားသူတို့ကလည်း အမေရိကန်ဒေါ်လာ ၂၀၀၀၊ ၁၀၀၀၊ ၅၀၀ စသဖြင့် သူတို့ပိုင်ဆိုင်သည့် ရှယ်ယာအပေါ် မူတည်ပြီး အပိုဆုငွေ အသီးသီး ရရှိကြသည်ဟု ကြားသိရသောကြောင့် ဇိုမီးလူမျိုးတို့ကို လမ်းပြပို့ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။

ဤအသက်အာမခံလုပ်ငန်းကို တည်ထောင်ထားခြင်းမှာ လူတစ်ဦးတစ်ယောက် ဆုံးပါးသွားသည့်အခါ ကျန်ရစ်သူမိသားစုက အကျိုးအခွင့်ခံစားရစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင်၊ နာမကျန်းမှုကြောင့် ဆေးကုသစရိတ်သက်သာခွင့် ရနိုင်သည့်အပြင် ပြင်းထန်သော ရောဂါများဖြစ်သည့် နှလုံးရောဂါနှင့် ကင်ဆာရောဂါလိုမျိုး နာတာရှည်ရောဂါ ခံစားရသူ (ဥပမာ၊ အသက် ၂ နှစ်သာ ဆက်လက်အသက်ရှင်နိုင်မည်ဟု ဆရာ၀န်က ခန့်မှန်းထားသူ)များသည် သူတို့၀ယ်ယူထားသော အသက်အာမခံကြေးကို ဆရာ၀န်၏ လက်မှတ်ဖြင့် သူတို့အသက်ရှင်ချိန်အတွင်း ထုတ်ယူနိုင်ပြီး ကုန်ကျစရိတ်များကို သက်သာစေရန် လမ်းဖွင့်ပေးသည်။ လူနာက ပြန်လည်သက်သာလာပြီး အသက်ရှင်ကျန်သည်ရှိသော် ကုန်ကျစရိတ်များကို ကုမ္ပဏီသို့ ပြန်ပေးဖို့ရန်လည်း မလိုချေ။

ဤအသက်အာမခံကို အသက်ရှည်ပြီး ကျန်းကျန်းမာမာဖြင့် အသက်ရှင်နေထိုင်သောသူတို့အတွက်လည်း အခွန်ပေးစရာမလိုဘဲ အငြိမ်းစား(ပင်စင်)လစာစုဆောင်းခြင်းနဲ့လည်း တပါတည်း ပေါင်းထားသည်။ FEG ကုမ္ပဏီသည် အထူးသဖြင့် နာတာရှည်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကဲ့သို့သော ပြင်းထန်သည့်ရောဂါကြီးများနှင့် အခွန်ကင်းလွတ်သည့်ပင်စင်ငွေစုဆောင်းခြင်းတို့ကို အဓိကရည်ရွယ်ပြီး အသက်အာမခံ၀န်ဆောင်မှုကို ပေးသည်။

ထို့ကြောင့်၊ အသက်အာမခံကို ၀ယ်ယူပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ပိုင်ဆိုင်သော ငွေကြေးများကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန်နှင့် မိမိတို့၏ ကြွယ်၀ချမ်းသာခြင်းသည် ဆတက်တံပိုး တိုးပွားအောင်မြင်စေရန် ဘုရားသခင်သည် ဇိုမီးလူမျိုးများအား ကောင်းချီးပေးတော်မူပါစေသတည်း။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed