ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် ဇိုလဲန်းပြည်သူ့ကာကွယ်ရေးတပ်(PDF-Zoland)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ (၁)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ဟု PDF- Zoland က ဇွန်လ ၇ရက် ထုတ်ပြန်အသိပေးသည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲကို သင်တန်းသား ကျား ၆၆ ဦး, မ ၁၅ ဦး,စုစုပေါင်း ၈၁ ဦး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အဖက်ဖက်က ပါဝင်ခဲ့သည့် ပြည်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့သည်။အဖက်ဖက်က ပါဝင်ခဲ့သည့် ပြည်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့သည်။
PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် မေလကုန်ပိုင်းက တီးတိန်ရှိ စစ်ကောင်စီတပ်များကို ချင်းညီနောင်အဖွဲ့ဝင် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တီးတိန်မြို့ ထိုးစစ်ဆင်မှုတွင် စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက မြို့ကို မီးရှို့ခဲ့၍ စစ်ရေးဖော်ဆောင်မှုကို ရပ်ဆိုင်းကာ ပြောက်ကျား တိုက်ခိုက် မှုအချို့ ဆက်လုပ်နေကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။
Ref: PDF Zoland page
![](https://tongsan.org/wp-content/uploads/2024/06/447830153_820348750192733_3145424329086582092_n-1-1024x768.jpg)
![](https://tongsan.org/wp-content/uploads/2024/06/447999832_820348906859384_131758484091834197_n-1024x768.jpg)
![](https://tongsan.org/wp-content/uploads/2024/06/448020472_820348576859417_1302526310396743083_n-1024x768.jpg)
![](https://tongsan.org/wp-content/uploads/2024/06/447969090_820348636859411_2056518632663577164_n-1-1024x768.jpg)
![](https://tongsan.org/wp-content/uploads/2024/06/447896359_794310932767701_1708559655440549190_n-2-1.jpg)
Hits: 0