ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စု အရေးကို တော်လှန်ရေးကာလ အလွန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ “အချင်းချင်းကြား နားလည်မှုလွဲမှားစေသော အပြောအဆို၊ အပြုအမူများအားလုံးကို ရှောင်ရှား၍ ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်တိုက်ပွဲဆင်ကြရန်နှင့် မိမိတို့ချင်းပြည်အတွင်းရှိ နယ်မြေဒေသ/မျိုးနွယ်စုအရေးများကို တော်လှန်ရေးကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာကြရန်ဖိတ်ခေါ်လိုပါသည်” ဟု ချင်းနွေဦးတော် လှန်ရေးလက်နက်ကိုင် ၁၈ ဖွဲ့က…

ချင်းအင်အားစုနှစ်ခုကွဲနေသော်လည်း ကလေးမြို့မှလာသည့် စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းဟန့်တားနေကြောင်း ချင်းညီနောင် အဖွဲ့ (CB) ထံက သိရသည်။ ချင်းတောင်တန်းမှ အင်အားစုနှစ်ခုဖြစ်သော ချင်းညီနောင်အဖွဲ့ (CB)၊ ချင်းပြည်ကောင်စီ (CC) တို့မှ တပ်များ ပူးပေါင်း ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။ မေလ ၂၀ ရက်နေ့မှစတင်သည့် ထိုစစ်ကြောင်းတွင် စစ်ကား ၁၅ စီးနှင့် ခြေလျင်စစ်သား…

ဆေးရုံနှင့် အရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်သည့် ရာဇဝတ်မှုအတွက် အီရန်အာဏာရှင် ခါမေနီ ပြန်လည်ပေးဆပ်ရမည်ဟု အစ္စရေးက ပြော

ခိုင်ခံ့တဲ့ မြေအောက် ဘန်ကာထဲကနေပြီး အစ္စရေး ဆေးရုံတွေနဲ့ လူနေအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အီရန် အာဏာရှင် အယာတိုလာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ပြောပါတယ်။ “ဘယ်ရှား ဗာ မြို့က ဆေးရုံကို ဇွန် ၁၉ မှာ တိုက်ခိုက်ခဲ့တာဟာ အဆိုးရွားဆုံး ရာဇဝတ်မှုကြီးဖြစ်ပြီး အယာတိုလာ…

AA ကို တိုက်ခိုက်ရန် မွတ်ဆလင် လက်နက်ကိုင်များပြင်ဆင်နေကြောင်း ICG သတိပေး

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများ စုစည်းပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း International Crisis Group - ICG က အစီရင်ခံစာထုတ် သတိပေးထားသည်။ ဘူးသီးတောင်၊ မောင်တောဒေသတွင် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများက လူသစ်စုဆောင်း ပြင်ဆင်နေသည်ဟု ICG က…

ကျောက်ဖြူ ပြိုင်းစေ့ကေရွာရှိ စစ်ကောင်စီ တပ်စခန်းကို AA တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅၀ သေဆုံး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းဖြစ်သော ပြိုင်းစေ့ကေကျေးရွာရှိ အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ခိုင်လုံသော AA တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ အင်အား ၁၀၀ ရှိသော ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် AA က အလုံးအရင်းဖြင့် ဝင်ရောက်…

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ခြင်းများပြုလုပ်၊ CNF ပါဝင်မှုကိုလျှော့ချထား

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒီကနေ့ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာထားရာ ချင်းပြည်ကောင်စီ အတွက် အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်စေလွှတ်ရာမှာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပါဝင်မှုကိုလျှော့ချထားကြောင်းသိရပါတယ်။ မူလပြဌာန်းခဲ့တဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ မှာ ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးမှာပူးပေါင်းဆောင်ရွက်တဲ့ ချင်းလွှတ်တော် ကိုယ်စားလှယ် မှ ၂၇…

မင်းလှတိုက်ပွဲ စစ်ကောင်စီ ဖက်က ၂၀ ခန့်သေဆုံး

ရန်ကုန်-ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်အနီးရှိ စစ်ကွင်းတာဆုံတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူးအဆင့်တဦး၊ ရဲမှူးအဆင့် ၂ ဦးအပါဝင် ၂၀ ခန့် သေဆုံးတယ်လို့ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။ ဇွန် ၁၆၊ ညနေ ၄ နာရီခွဲခန့်မှာ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား…

တီဟီရန်မှ ရုရှားသံရုံးဝန်ထမ်းများထွက်ခွာရန် ပူတင်အမိန့်ပေးပြီး ခါမီနီ အစိုးရ ကျဆုံးလုနီးသဖြင့် အမြန်ဆွေးနွေးရန် တိုက်တွန်း

အီရန်ခေါင်းဆောင် အလီခါမီနီအာဏာရှင်အုပ်ချုပ်မှုခေတ် ဆက်လက်ရှင်သန်နိုင်ရန် ခက်ခဲသွားပြီဖြစ်ခြင်းကြောင့် အမြန်ဆုံးဆွေးနွေးမှုပြုလုပ်ရန် ရုရှားသမ္မတ ပူတင်က ခါမီနီအား သတိပေးခဲ့ကာ တီဟီရန် မှ ရုရှားသံရုံးဝန်ထမ်းများကိုလည်း အမြန်ဆုံးထွက်ခွာရန် အမိန့်ပေးခဲ့သည်။ ပြီးခဲ့သည့် ဇွန် ၁၃ ရက်မှစတင်ပြီး အစ္စရေးက အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားဆိုက်များ၊ စစ်ရေး အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းဗိုလ်ချုပ်များ၊ နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ထို့နောက် အီရန်ဘက်မှ…

ကလေး ကနေ ချင်းပြည်နယ် တက်တဲ့ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်တွေ တစ်လနီးပါးတိုက်ပွဲဖြစ်ပွားနေပြီး ၁၅ မိုင်အထိသာ ခရီးရောက်၊ ရှေ့ဆက်မတက်နိုင်ဘဲရှိ

ချင်းပြည်နယ် တီးတိန်မြို့ ကလေး-တီးတိန်ကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီ နဲ့ ချင်းတော်လှန် ရေးတပ်တွေ တစ်လနီး ပါးတိုက်ပွဲ ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီ အထိနာအသေများကာ ၁၅ မိုင်အထိသာ ခရီးရောက်သေးတယ်လို့ ဒေသခံစစ် ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။ ဗျူဟာမှူးတစ်ဦး အပါအဝင် အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀…

တဟီရန်မြို့ခံတွေကို ရွှေ့ပြောင်းကြဖို့ ထရမ့် ပြောပြီးနောက် တဟီရန်မှာ ပေါက်ကွဲသံတွေ ကြားနေရ

အီရန်မြို့တော် တဟီရန်က လူထုကို မြို့တွင်းကနေ အားလုံးထွက်ခွာဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ပြောလိုက်ပြီး မကြာခင်မှာပဲ မြို့တော် တဟီရန်မှာ ပေါက်ကွဲသံတွေကြားနေရပါတယ်။ တဟီရန်မှာတော့ ဒေသစံတော်ချိန် ဇွန်လ ၁၇ ရက် မနက် ဒေသစံတော်ချိန် ၆ နာရီကျော်ပဲ ရှိနေပါသေးတယ်။ အီရန်-အစ္စရေး အရေးကြောင့် သမ္မတ ထရမ့်ဟာ ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7…

You missed