ချင်းညီနောင်ကို Standard Army တပ်မတော်တစ်ရပ် အဖြစ် ဖွဲ့စည်းမည်ဟု ကြေညာ
ချင်းပြည်နှင့် ချင်းတစ်မျိုးသားလုံးကို အကာအကွယ်ပေးနိုင်ရန် ချင်းညီနောင်အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းသွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်ကြေညာသည်။ ချင်းညီနောင်အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်နိုင်ခဲ့ကြောင်း ချင်းညီနောင်၏ မေလ ၁၁ ရက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းညီနောင်အဖွဲ့အား တပ်အင်အားတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန်…
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတို့က အသက်မပြည့်သေးသည့် ကျောင်းသား ၄ ဦး အပါအဝင် ၁၁ ဦးကို သတ်ဖြတ်၍ အရပ်သားများကိုဖမ်းဆီး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းပြီး ကျောင်းသား လေးဦး အပါအဝင် ၁၁ ဦးကို သတ်ဖြတ်ကာ အရပ်သား ၁ဝ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဂန့်ဂေါမြို့ ခလရ (၅၀) တပ်ရင်းနှင့် အမြောက်တပ်ရင်းတို့မှ စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ယနေ့…
စာသင်ကျောင်းများ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက ထိရောက်စွာအရေးယူရန် တာဝန်ရှိဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
ကျောင်းသားကလေးငယ်များနှင့် ဆရာမ စုစုပေါင်း ၂၂ဦး သေဆုံးကာ ၄၀ဦးကျော် ဒဏ်ရာရရှိခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် စာသင်ကျောင်းများကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာနက ယနေ့ (မေ ၁၂ရက်) ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် နိုင်ငံတကာက ထိရောက်စွာ အရေးယူရန် တာဝန်ရှိကြောင်း ဖော်ပြသည်။ ယနေ့…
Myanmar Star Grand Final- 2025 သီချင်းဆိုပြိုင်ပွဲမှာ ချင်းလူငယ် Ephraim Kyaw Oo မှ Winner ဆုကိုရရှိ
Myanmar Star Season 2 Grand Final-2025 သီချင်းဆိုပြိုင်ပွဲကို မေလ ၉ ရက်ည ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး ပလက်၀သား ချင်းတိုင်းရင်းသား Ephraim Kyaw Oo မှ Winner ဆု ရရှိ ဆွတ်ခူးခဲ့ကာ Nan Ni မှ First Runner…
ငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကို ဆေးကုသပေးခဲ့တဲ့ အမေရိကန်ခရစ်ယာန်ဆေးအဖွဲ့ ကုသမှုရပ်နားပြီး ပြန်လည်ထွက်ခွာပြီလို့ သိရ
မြန်မာနိုင်ငံမှာ လာရောက်ပြီးငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကိုဆေးကုသပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ခရစ်ယာန် Samaritan’s Purse International Relief ဆးပညာရှင်အဖွဲ့သားတွေဟာ ၎င်းတို့ရဲ့အရေးပေါ်ဆေးရုံကို လှူဒါန်းလွှဲပြောင်းပေးခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီလို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ Samaritan’s Purse International Relief ဆေးပညာရှင်အဖွဲ့ဟာ ဧပြီလ ၅ ရက်နေ့ကစလို့ မေလ ၆ ရက်နေ့အတွင်း…
တွန်းဇံမြို့နယ်၊ တွီးတွမ်ရွာမှာ ဘယ်သူမှ မနေရဆိုပြီး CDF-Tonzang အမိန့်ထုတ်
မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ မတိုင်ခင် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာရှိ ရွာသားအားလုံး ထွက်ခွာရန် CDF-Tonzang မှ အမိန့်ပေးသည့် အတွက် ရွာအတွင်းတွင် မည်သူမျှ မနေရဲတော့ဘဲ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း တွန်းဇံ မြို့နယ်မှ ဒေသခံများထံမှ သိရှိရပါတယ်။ “မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ နောက်ပိုင်း…
ရွှေကျင် ခမရ ၅၉၈ တပ်ရင်း KNU ပူးပေါင်းတပ်သိမ်း
ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တို့က ယမန်နေ့က သိမ်းပိုက်လိုက်သည်။ ညောင်ခြေထောက်ရွာအနီးရှိ ခမရ ၅၉၈ တပ်ရင်းမှာ ကာလအတန်ကြာ ပိတ်ဆို့ခံထားရပြီးနောက် ယမန်နေ့က အပြီးသတ် သိမ်းပိုက်ခံလိုက်ရခြင်းဖြစ်သည်။ မြေပြင်သတင်းရင်းမြစ်တဦးက “ စခန်းကတော့ မနေ့က သိမ်းရပြီ။ လေကြောင်းနဲ့ဒီလောက်ကြဲတာ တခါမှမကြုံဖူးဘူး၊ ဂျက်ဖိုက်တာရော Y-12 ရော…
သိမ်းဆည်းထားသည့်ရုရှားပိုင်ဆိုင်မှုတွေထဲက ယူရို သန်း ၂၀၀၀ နီးပါးကို အီးယူက ယူကရိန်းကို ထပ်မံပေးအပ်
ယူကရိန်းစစ်တပ်အတွက် စစ်လက်နက်ခဲယမ်းတွေ ဝယ်ယူထုတ်လုပ်ဖို့အတွက် ယူရို ၁.၉ ဘီလျံ ကူညီထောက်ပံ့ဖို့ အီးယူ ဥရောပသမဂ္ဂက မေ ၉ ရက်နေ့က သဘောတူလိုက်ပါတယ်။ အဆိုပါကူညီငွေတွေကို ယူကရိန်းက ပြန်ပေးစရာမလိုပဲ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ရရှိလာမယ့်အကျိူးအမြတ်ငွေတွေကနေ နှုတ်ယူသွားမယ် ဆိုပါတယ်။ ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာပဲ စစ်လက်နက်တွေ ထုတ်လုပ်ဖို့ ယူရို သန်းတထောင်သုံးစွဲပြီး ယူရို သန်း ခြောက်ရာကို လက်နက်ကြီးကျည်တွေနဲ့…
ပုပ်ရဟန်းမင်းသစ်အဖြစ် အမေရိကန်က ကာဒီနယ်ရဟန်းအမတ် ရောဘတ် ပရက်ဗော့စ်ကိုရွေးချယ်တင်မြောက်
မေလ ၈ ရက်မှာ ဗာတီကန်စီးတီးကိုရောက်ရှိနေတဲ့ ကမ္ဘာတဝန်းက ရဟန်းအမတ် ၁၃၀ ကျော်က ပုပ်ရဟန်းမင်းသစ်အဖြစ်အသက် ၆၉ နှစ်အရွယ် အမေရိကန်နိုင်ငံက ကာဒီနယ် ရဟန်းအမတ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ရွေးချယ်တင်မြောက်လိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းက ကက်သလစ်ဘာသာဝင် သန်း ၁၄၀၀ ခန့်ရဲ့ ရိုမန်ကက်သလစ်အသင်း တော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ကာဒီနယ်ရဟန်းအမတ် ရောဘတ် ပရက်ဗော့စ်ဟာ ပီရူးနိုင်ငံမှာသွားရောက်သာသနာပြုခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကို…
ကလေးမြို့ လက်ပံချောင်းရွာကို စစ်ကောင်စီကဗုံးကြဲ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းကျေးရွာကို စစ်ကောင်စီ က လေကြောင်းအသုံးပြုဗုံးကြဲတိုက် ခိုက်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီ က လက်ပံချောင်းကျေးရွာကို မေလ ၈ ရက် မနေ့က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်သေဆုံးမှုမရှိဘူးလို့ လက်ပံချောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ "လူထိခိုက်တာ မရှိပါဘူး ။…