စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဇွန်လ၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ယနေ့တွင် တိုက်ပွဲ အလွန်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီက လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို…

ကလေးမြို့ စစ်အုပ်စု တပ်ရင်း၃၆၁ လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား

ကလေးမြို့ မြောက်ပိုင်း ကလေး-တမူး ကားလမ်ဘေး ကျီးကုန်းကျေးရွာအနီးမှာတည်ရှိတဲ့ စစ်အုပ်စုတပ်ရင်း -၃၆၁ လက်နက်တိုက်ဟာ ဇွန်လ ၂ ရက် မနေ့ နှစ်နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝန်ကျနေတဲ့ စစ်အုပ်စုတပ်သား တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။ "မနေ့က လက်နက်တိုက် ပေါက်ကွဲတာက ၃၆၁ (စစ်အုပ်စုတပ်ရင်း) ထဲ။ သုံးခု…

ဖားကန့် တစ်သုံးလုံးကျောက်စိမ်းလုပ်ကွက်အတွင်းက စက်ယန္တရားများကို စစ်ကောင်စီမီးထပ်ရှို့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကားနှင့်ဘက်ဟိုးကား (Backhoe Loader) များကို စစ်တပ်က မီးဝင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကား ၂ စီး၊ ဘက်ဟိုးကား…

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ အခြေခံပညာ စာသင်ကျောင်းများတွင်ကျောင်းတက်ရောက်သူ ကျောင်းသားပေါင်း ၅,၈၂၂,၉၅၄ ဦး (၅.၈ သန်းကျော်)ရှိ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ အခြေခံပညာ စာသင်ကျောင်းများကို ယနေ့ ဇွန် ၂ ရက်နေ့မှစတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသားပေါင်း ၅,၈၂၂,၉၅၄ ဦး (၅.၈ သန်းကျော်) ရှိပြီး၊ ရန်ကုန်တိုင်းအတွင်းမှ ကျောင်းတက်သူ ၁,၀၃၅,၁၀၅ ဦး…

ဖမ်းဆီးခံထားရတဲ့ PNLA စစ်သုံ့ပန်းတွေကို စစ်ကောင်စီနဲ့ PNO ကပစ်သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၄ ဦးကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်သတ်ခဲ့တဲ့ဗီဒီယိုဖိုင်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ရရှိထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ PNLA တပ်ဖွဲ့ဝင်ရဲဘော် စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ်ထားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ PNO တပ်ဖွဲ့က အနောက်ကနေ သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။…

ယူကရိန်း၏ “Web Opreation” ဒရုန်းဗုံးကြဲမှုကြောင့် ရုရှား ဗုံးကြဲလေယာဉ် အစီး ၄၀ ကျော် ပျက်စီး

“Web” ဟု အမည်ပေးထားသည့် အထူးစစ်ဆင်ရေးသည် ရုရှားလေတပ်စခန်းကြီးလေးခုဖြစ်သည့် Belaya, Diaghilevo, Olenya နှင့် Ivanovo တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသော မဟာဗျူဟာမြောက် လေယာဉ် ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့သည်။ ယူကရိန်း လုံခြုံရေး ဌာန(SBU) မှ ဆောင်ရွက်ခဲ့သည့် ကြီးမားသော လျှို့ဝှက်စစ်ဆင်ရေးဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည့် ရုရှားပိုင်နက် နက်ရှိုင်းသော…

မီဇိုရမ်ပြည်နယ် Vaphai ကျေးရွာမြေပြိုမှု စစ်ဘေးရှောင် ၃ ဦးသေဆုံး

မီဇိုရမ်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်တဝန်းလုံးမှာ ရေကြီး မြေပြိုမှုများဖြစ်ပွားလျှက်ရှိကာ Vaphai ကျေးရွာက မြေပြိုမှုတွင် စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့မေလ ၃၁ ရက်မနက်ပိုင်း ၄ နာရီခန့်တွင် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များငှါးရမ်းနေထိုင်သည့် နေအိမ်တစ်လုံးပြိုကျခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ ကလေးမြို့နယ် Vutbuak ကျေးရွာမှ Vaphai ကျေးရွာသို့…

ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး လက်နက် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် လက်နက်၂ လက်ယူဆောင်လာပြီးအလင်းဝင် လာ၍ ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ကြောင်း ကလေးမြို့ပြ ပျောက်ကြား စီမံချက် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မေလ ၁၈ ရက်နေ့မှစတင်ပြီး ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာသော အင်အား ၅၀၀ ခန့်ပါ…

မြဝတီမြို့ရှိ စစ်ကောင်စီ၏ မော်ခီးနှင့် ဘုရင့်နောင်တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်တို့က ဆက်တိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ မော်ခီးတပ်စခန်းနှင့် ဘုရင့်နောင်စခန်းတို့ကို KNLA ပူးပေါင်းတပ်မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ KNLA ပူးပေါင်းတပ်သည် ယနေ့ မေ ၃၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီ၏ ဘုရင့်နောင်တပ် စခန်းကုန်းနှင့် နံနက် ၁၀ နာရီခန့်တွင် မော်ခီးစခန်းတို့ကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း…

ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သုံ့ပန်းများဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ မြဝတီ-ဝေါလေလမ်းပေါ်ရှိ ဒီမိုကရေစီအကျိုုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ရွာ အနီးတွင် ယနေ့(မေ ၂၈ ရက်) တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြား ရရှိခဲ့သည်ဟု ဒေသခံ စစ်ရေးအရင်း အမြစ်များထံမှ သိရသည်။ DKBA ဌာနချုပ်အနီးရှိ…

You missed