မင်းတပ်မြို့ထဲပြည်သူများပြန်လည်ဝင်ရောက်နိုင်ကြောင်း CDF-Mindat ထုတ်ပြန်

မဟာမိတ်များနဲ့အတူ မင်းတပ်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ CDF-Mindat က မင်းတပ်မြို့ထဲကို ပြည်သူများပြန်လည် ဝင်ရောက်နိုင်ကြောင်း နဲ့ တပါတည်း လိုက်နာရမယ့်စည်းကမ်းချက်များကို မနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မြို့ထဲပြန်လည်ဝင်ရောက်မယ့်သူများအတွက် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ ရဲ့ ထောက်ခံ ချက်များလိုအပ်မှာဖြစ်ပြီး မြို့သိမ်းစစ်ဆင်ရေးကာလအတွင်း ရန်ပုံငွေထည့်ဝင်ကြောင်း ထောက်ခံချက်များကို မြို့ဝင်ဂိတ်တွင်ပြနိုင်သူများသာ မြို့ထဲဝင်ခွင့်ရမှာဖြစ်ကြောင်း၊ ရန်ပုံငွေထည့်ဝင်ခြင်း မရှိ သေးတဲ့သူများအနေဖြင့်လည်း…

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ဦးခန့်သေဆုံးကာ ၅၀ နီးပါးဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ထိုးစစ်ဆင်လျက်ရှိရာ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း အပါအဝင် တပ်ရင်းဌာန ၃ ခုကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းဆီးရရှိကြောင်း KIA နှင့် Kachin PDF သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း အမှတ် ၅၀၁၄ တင့်ကားတပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊…

စစ်သုံ့ပန်းနှင့် မိသားစုဝင် ၁၀၀ကျော်ကို AA ပြန်လွှတ်ပေး

အခုပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေဟာ စစ်ကောင်စီ ထိန်းချုပ်မှုမရှိတဲ့ ဒေသလူတွေဖြစ်ပြီး အခမ်းအနားနဲ့တကွ ပြန်လွှတ်ပေးလိုက်တာလို့ Arakan Army (AA) က ပြောပါတယ်။ “လောလောဆယ် သုံ့ပန်းမိသားစု ၁၁၆ ဦး၊ ပြီးရင် အရပ်သား အကျဉ်းသား ၂၆ ဦးကို ကနဦး လွှတ်ပေးတာပါ။ နောက်ထပ်စစ်ဆေးပြီးတော့ ပြန်လွှတ်လို့ရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ရှိသေးတယ်။ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေကိုတော့…

စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ချီတက်လာခဲ့သော စစ်ကောင်စီ စစ်သား ၃၀၀ နီးပါးသေဆုံးပြီး အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို အရှင်ဖမ်းမိ

မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်း ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို Arakan Army (AA) က အရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်…

မဲပလီဗျူဟာမှ ထွက်ပြေးသည့်စစ်ကောင်စီတပ်သား ၁၉ဦး KNU ပူးပေါင်းတပ် ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။ မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီ အနည်းငယ်အကြာတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများလည်း…

ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာဆယ်ရွာခန့်က လူတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဆယ်တော်၊ ရန်ကြီးအောင်၊ ကျော်ရွာ၊ ရှားဖို၊ မှန်တော၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ကုက္ကို၊ အရှေ့စီး၊ ကြန်သာ စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ…

ငါလ်ဘွာလ်ကျေးရွာသားနှစ်ဦး ZRA နှိပ်စက်ဒဏ်ရာကြောင့် သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ငါလ်ဘွာလ်ကျေးရွာသား ဦးကမ်းလျန်ထန် နှင့် ယောက်ဖတော်စပ်သူ ဦးဒါလ်မွမ်းကိမ်းတို့ နှစ်ဦးကို ညမထွက်ရအမိန့် မလိုက်နာခြင်းကြောင့်ဟု ဆိုကာ ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်း (ZRA-EC) တပ်ဖွဲ့ဝင်များက ဖမ်းဆီး ရိုက်နှက်ခဲ့မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ဦးကမ်းလျန်ထန်းသည် ဖေဖော်ဝါရီလ ၅ ရက်ညက ယောက်ဖဖြစ်သူ ဦးဒါလ်မွမ်းကိမ်းနေအိမ်သို့အလည်သွားရာမှ အပြန်လမ်းတွင် ZRA-EC တပ်ဖွဲ့ဝင်များက ညမထွက်ရအမိန့်လိုက်နာခြင်းမရှိဟုဆိုကာ သတိလစ်မေ့မျောသွားသည့်အထိ…

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က ချင်းတော်လှန်ရေးနှစ်ဖွဲ့ သင့်မြတ်နိုင်ရေး ကြားဝင်ညှိနှိုင်မှု စတင်ဆောင်ရွက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုက ချင်းပြည်ကောင်စီ (CC) နှင့် ICNCC/ချင်းညီနောင်အဖွဲ့တို့ကြား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများကို ကြားဝင်ညှိနှိုင်းပေးနေကြောင်း သိရသည်။ ချင်းတော်လှန်ရေးနှစ်ဖွဲ့အကြားက ပြန်လည်ပေါင်းစည်းရေးအခြေအနေများကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ (၁) နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင်…

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်မှာ အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ချင်းပြည်သူလူထု စုစုပေါင်း ၉၆၅ ယောက်သေဆုံးခဲ့ရပြီး အဲဒီထဲမှာ…

မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဂုတ်စည်းရိုးစခန်း AA သိမ်းပိုက်

မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်စည်းရိုးကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဂုတ်စည်းရိုးစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် AA နှင့်ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၈၀ ခန့် သေဆုံးကြောင်း သိရသည်။ “အထက်အမိန့်မရဘဲ ဂုတ်စည်းရိုးခံစစ်ကနေ အရာရှိ…