ထိုင်းမှာ တရားမဝင်မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ယာဉ်နှစ်စီး တိုက်မိပြီး တစ်ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီမြို့နယ် နောက်လူကျေးရွာအနီး ဘုရားသုံးဆူ-ဆန်ခလဘူရီ လမ်းမကြီးပေါ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ညက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်နှစ်စီး တိုက်မိတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။ အဲဒီပစ်ကပ်ယာဉ်နှစ်စီးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် သုံးဆယ် လိုက်ပါလာတယ်လို့ ထိုင်းရဲအရာရှိက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့်အမျိုးသမီးတစ်ဦး…
မှတ်ထိရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိထားသလို ၁၇ ဦး ပျောက်ဆုံးနေတယ်လို့ အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ…
တီးတိန်မြို့ကနေ CNF/CC တပ်ဖွဲ့ဝင်များနောက်ဆုတ်ဖို့ GMO တိုက်တွန်း
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကနေ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းပြည်ကောင်စီ CC တပ်ဖွဲ့ဝင်များ နောက်ဆုတ်ပေးရန် ကမ္ဘာလုံးဆိုင်ရာမတူအဖွဲ့အစည်း - GMO က မနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ “လက်ရှိချင်းညီနောင် စစ်ဆင်ရေးပိုင်နက်ဖြစ်တဲ့ တီးတိန်မြို့ကို CNF/CC အုပ်စုက ဝင်ရောက်နှောက်ယှက်ခြင်းဟာ CNF/CC ရဲ့ နိုင်ငံရေးသိက္ခာ၊ တော်လှန်ရေးသိက္ခာ ကျရှုံးခြင်းအဖြစ်ရှုမြင်တယ်။…
ကချင်ပြည်နယ် မံစီမြို့ KIA နဲ့ ပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်
ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လည်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာကြောင့် မံစီမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အတည်ပြုပါတယ်။ ဗန်းမော်မြို့မှာတော့ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်တွေ မြို့တွင်းရပ်ကွက်အချို့မှာ ဝင်ရောက်နေရာယူနေနိုင်ပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တပ်တွေဟာ…
တိဘက်ငလျင်လှုပ်ခတ်မှု လူပေါင်း တစ်ရာနီးပါး သေဆုံး
တရုတ်နိုင်ငံ တိဘက်ဒေသမှာ ဒီနေ့မနက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ တစ်ရာနီးပါး ရှိလာပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၉ နာရီကျော်မှာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်နဲ့ မြောက်ဘက် မိုင် ငါးဆယ်အကွာမှာရှိတဲ့ တိဘက်ဒေသက Tingri ကျေးလက်ခရိုင် တစ်ခုကို ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငလျင်လှုပ်ခတ်မှုကြောင့် တိဘက်ခြမ်းမှာ အနည်းဆုံး…
ဗန်းမော်နှင့် မံစီမြို့ကို KIA က ထိုးစစ် အရှိန်မြှင့် တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ယနေ့ (ဒီဇင်ဘာ ၆ရက်)ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။ ယနေ့ (ဇန်နဝါရီ ၆ရက်)နံနက် ၅နာရီမှစ၍ ဗန်းမော်နှင့်မံစီမြို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ "ငါတို့ဘက်က ထိုးစစ်အရှိန်မြှင့်တင်တာ" ဟု ၎င်းက ပြောသည်။ KIA သည် ဒီဇင်ဘာ ၄…
တစ်နှစ်အတွင်း ကျပ်ရှစ်ဘီလီယံနီးပါး ထောက်ပံ့ကူညီခဲ့ကြောင်း NUG ထုတ်ပြန်
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ အထိ တစ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်တွေပါအဝင် ပြည်သူတွေကို ကျပ်ငွေ ရှစ်ဘီလီယံနီးပါး (၇ ဒသမ ၇) ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းကို…
ဖလမ်းမြို့က စစ်သုံ့ပန်းများထားရှိသည့်နေရာ Khuanglung ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ၊ အစောင့်တစ်ယောက်နှင့် စစ်သုံ့ပန်းရဲ ၇ ယောက် သေဆုံး
ချင်းပြည်နယ် ဖလမ်းမြို့နယ် Khuanglung ကျေးရွာတွင် စစ်သုံ့ပန်းများထားရှိသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး အစောင့်တပ်သားတစ်ဦးအပါအဝင် စစ်သုံ့ပန်းရဲ ၇ ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ဖလမ်းမြို့နယ် Khuanglung ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ရဲ ၇ ယောက်…
ရုရှားကမှာယူထားတဲ့ Su-30 တိုက်လေယာဉ်ခြောက်စင်းလုံး စစ်ကောင်စီရရှိ
မြန်မာနိုင်ငံက မှာယူထားတဲ့ ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ်ခြောက်စင်းလုံး မြန်မာနိုင်ငံကို ပေးပို့ပြီးဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group က ဇန်နဝါရီ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက မှာယူထားတဲ့ Su-30 SME တိုက်လေယာဉ်ခြောက်စင်းထဲက နောက်ဆုံးကျန်ရှိတဲ့ တိုက်လေယာဉ်နှစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က…
အမေရိကန်ရွေးကောက်ပွဲ ထရမ့်အနိုင်ရကြောင်း လွှတ်တော်အတည်ပြု
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဒုသမ္မတ ကာမာလာ ဟဲရစ်ကို ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ကြောင်း လွှတ်တော်က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့မှာ တရားဝင် အတည်ပြုပေးလိုက်ပါတယ်။ နောက်သီတင်းနှစ်ပတ်ကျရင်တော့ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ဒုတိယအကြိမ်ပြန်ရောက်လာပြီး တာဝန်ထမ်းဖို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်မှာပါ။ အမေရိကန် ဥပဒေအရ ပြည်နယ်…