မဏိပူရမြစ်ကူးတံတား ပြန်လည်ဖွင့်ပေးရန် ဒေသခံပြည်သူများ ဆန္ဒပြတောင်းဆို
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာရှိ ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းပြည်အစိုးရ Chinland Council (CC) တို့ ပိတ်ထားသည့် မဏိပူရမြစ်ကူးတံတားကို ပြန်ဖွင့်ပေးရန် ဒေသခံပြည်သူများက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ တီးတိန်မြို့နယ်တွင် ကုန်သွယ်စီးဆင်းမှုနှင့် ပြည်သူများ လူမှုရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များတွင် နှောင့်နှေးစေသည့်အတွက် တံတားကို အမြန်ဆုံး ပြန်ဖွင့်ပေးရန်…
စစ်ကောင်စီကို အပြီးချေမှုန်းမယ်လို့ TNLA စစ်ကြေညာ၊ အတားအဆီးတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ အသင့်ရှိတယ်လို့ AAနဲ့ MNDAA က သ၀ဏ်လွှာပို့
စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံ မိဘပြည်သူတွေကို ငဲ့ညှာထောက်ထားပြီး တရုတ်နိုင်ငံရဲ့ ကြားဝင် ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြုတဲ့ အနေနဲ့ နှစ်ဘက် စစ်ရေးပဋိပက္ခများ အဆုံးသတ် နိုင်ရန် စစ်ကောင်စီ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၅ ရက်နေ့တုန်းက ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) မှ ထုတ်ပြန်အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ရက်ပေါင်း…
ချင်းပြည်နယ် တော်လှန်ရေး အဖွဲ့များ တဖွဲ့ နှင့်တဖွဲ့ကြားတွင် ပဋိပက္ခ ဖြစ်ခြင်းသည် CNA/F ရဲ့ နယ်မြေကျူးကျော်မူကြောင်းသာဖြစ်
Chin Brotherhood (CB) အဖွဲ့များသည် ဒေသခံများနှင့် ပူးပေါင်းကာ ချင်းပြည်နယ် တောင်ပိုင်း မြို့ကြီးများ သိမ်းပိုက်နိုင်ခဲ့ကြသည်။ Chinland Council (CC) အဖွဲ့များနေထိုင်တဲ့ ဟားခါးခရိုင်ကို CC ကမထိန်းချူပ်နိုင်ဘဲ ဖလမ်းခရိုင် နှင့် တီးတိန်ခရိုင် တွင် Chin Brotherhood /PDF Zoland နှင့် ZRA EC ကိုနှောက်ယုက်ကာ တို့နယ်မြေ…
ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကို စစ်ကောင်စီက ကြည်းတပ်နှင့် ရေတပ်ပို့၍ ခံစစ်ပြင်
ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကမ်းခြေ၌ ဂွမြို့သိမ်းတိုက်ပွဲမှဆုတ်ခွာလာသောတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက ရေတပ်မှ စစ်သင်္ဘောများနှင့် ကြည်းတပ်မှ တင့်ကားများပို့၍ ခံစစ်ပြင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။ ရွှေသောင်ယံကမ်းခြေရှိ ဝက်သေကျေးရွာသို့ ဂွမြို့သိမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက စစ်သင်္ဘောများ၊ တင့်ကားများအပါအဝင် စစ်သုံးယာဉ်အများအပြားကို ရွှေသောင်ယံသို့ ပို့ဆောင်နေသည်။ " ပင်လယ်ထဲက ရေတပ်သင်္ဘောတွေ အများကြီးပဲ။ ဂွအစပ်ကနေဆုတ်လာတာ။ အခု…
CDF-Matupi တပ်မဟာ ၂ မှ တပ်မှူး ၂ ဦးအပါအဝင် ၈ ဦး တပ်မဟာ ၁ ထံပူးပေါင်း
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂ မှ တပ်မှူး နှစ်ဦးအပါအဝင် ၈ ဦးတို့ဟာ တပ်မဟာ ၁ ထံလာရောက်ပူးပေါင်းခဲ့တယ်လို့ CDF-Matupi တပ်မဟာ ၁ က ဇန်နဝရီလ ၈ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်မှာ CDF-Matupi တပ်မဟာ နှစ်ခုရှိကာ တပ်မဟာ ၁ က ICNCC/ချင်းညီနောင်…
လော့စ်အန်ဂျလိစ် ဆင်ခြေဖုံး ဧရိယာတွေထိ တောမီးကူးစက် လောင်ကျွမ်းနေပြီး လူ ၃၀၀၀၀ ကျော် တိမ်းရှောင်ခဲ့ရ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့မှာ ဆင်ခြေဖုံး ဧရိယာတွေထိ တောမီးတွေ ပျံ့နှံ့ ကူးစက်မှုကြောင့် လူပေါင်း ၃၀၀၀၀ လောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကစလို့ တောမီးတွေဟာ ဆင်ခြေဖုံး ဧရိယာတွေမှာရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်တွေဆီကိုပါ ပျံ့နှံ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တချို့ ဒေသခံတွေဟာ မီးလောင်ပြီး လမ်းတွေ ပိတ်ကုန်တာကြောင့်…
ထိုင်းမှာ တရားမဝင်မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ယာဉ်နှစ်စီး တိုက်မိပြီး တစ်ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီမြို့နယ် နောက်လူကျေးရွာအနီး ဘုရားသုံးဆူ-ဆန်ခလဘူရီ လမ်းမကြီးပေါ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ညက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်နှစ်စီး တိုက်မိတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။ အဲဒီပစ်ကပ်ယာဉ်နှစ်စီးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် သုံးဆယ် လိုက်ပါလာတယ်လို့ ထိုင်းရဲအရာရှိက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့်အမျိုးသမီးတစ်ဦး…
မှတ်ထိရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိထားသလို ၁၇ ဦး ပျောက်ဆုံးနေတယ်လို့ အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ…
တီးတိန်မြို့ကနေ CNF/CC တပ်ဖွဲ့ဝင်များနောက်ဆုတ်ဖို့ GMO တိုက်တွန်း
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကနေ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းပြည်ကောင်စီ CC တပ်ဖွဲ့ဝင်များ နောက်ဆုတ်ပေးရန် ကမ္ဘာလုံးဆိုင်ရာမတူအဖွဲ့အစည်း - GMO က မနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ “လက်ရှိချင်းညီနောင် စစ်ဆင်ရေးပိုင်နက်ဖြစ်တဲ့ တီးတိန်မြို့ကို CNF/CC အုပ်စုက ဝင်ရောက်နှောက်ယှက်ခြင်းဟာ CNF/CC ရဲ့ နိုင်ငံရေးသိက္ခာ၊ တော်လှန်ရေးသိက္ခာ ကျရှုံးခြင်းအဖြစ်ရှုမြင်တယ်။…
ကချင်ပြည်နယ် မံစီမြို့ KIA နဲ့ ပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်
ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လည်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာကြောင့် မံစီမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အတည်ပြုပါတယ်။ ဗန်းမော်မြို့မှာတော့ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်တွေ မြို့တွင်းရပ်ကွက်အချို့မှာ ဝင်ရောက်နေရာယူနေနိုင်ပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တပ်တွေဟာ…