တိဘက်ငလျင်လှုပ်ခတ်မှု လူပေါင်း တစ်ရာနီးပါး သေဆုံး
တရုတ်နိုင်ငံ တိဘက်ဒေသမှာ ဒီနေ့မနက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ တစ်ရာနီးပါး ရှိလာပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၉ နာရီကျော်မှာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်နဲ့ မြောက်ဘက် မိုင် ငါးဆယ်အကွာမှာရှိတဲ့ တိဘက်ဒေသက Tingri ကျေးလက်ခရိုင် တစ်ခုကို ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငလျင်လှုပ်ခတ်မှုကြောင့် တိဘက်ခြမ်းမှာ အနည်းဆုံး…
ဗန်းမော်နှင့် မံစီမြို့ကို KIA က ထိုးစစ် အရှိန်မြှင့် တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ယနေ့ (ဒီဇင်ဘာ ၆ရက်)ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။ ယနေ့ (ဇန်နဝါရီ ၆ရက်)နံနက် ၅နာရီမှစ၍ ဗန်းမော်နှင့်မံစီမြို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ "ငါတို့ဘက်က ထိုးစစ်အရှိန်မြှင့်တင်တာ" ဟု ၎င်းက ပြောသည်။ KIA သည် ဒီဇင်ဘာ ၄…
တစ်နှစ်အတွင်း ကျပ်ရှစ်ဘီလီယံနီးပါး ထောက်ပံ့ကူညီခဲ့ကြောင်း NUG ထုတ်ပြန်
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ အထိ တစ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်တွေပါအဝင် ပြည်သူတွေကို ကျပ်ငွေ ရှစ်ဘီလီယံနီးပါး (၇ ဒသမ ၇) ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းကို…
ဖလမ်းမြို့က စစ်သုံ့ပန်းများထားရှိသည့်နေရာ Khuanglung ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ၊ အစောင့်တစ်ယောက်နှင့် စစ်သုံ့ပန်းရဲ ၇ ယောက် သေဆုံး
ချင်းပြည်နယ် ဖလမ်းမြို့နယ် Khuanglung ကျေးရွာတွင် စစ်သုံ့ပန်းများထားရှိသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး အစောင့်တပ်သားတစ်ဦးအပါအဝင် စစ်သုံ့ပန်းရဲ ၇ ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ဖလမ်းမြို့နယ် Khuanglung ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ရဲ ၇ ယောက်…
ရုရှားကမှာယူထားတဲ့ Su-30 တိုက်လေယာဉ်ခြောက်စင်းလုံး စစ်ကောင်စီရရှိ
မြန်မာနိုင်ငံက မှာယူထားတဲ့ ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ်ခြောက်စင်းလုံး မြန်မာနိုင်ငံကို ပေးပို့ပြီးဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group က ဇန်နဝါရီ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက မှာယူထားတဲ့ Su-30 SME တိုက်လေယာဉ်ခြောက်စင်းထဲက နောက်ဆုံးကျန်ရှိတဲ့ တိုက်လေယာဉ်နှစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က…
အမေရိကန်ရွေးကောက်ပွဲ ထရမ့်အနိုင်ရကြောင်း လွှတ်တော်အတည်ပြု
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဒုသမ္မတ ကာမာလာ ဟဲရစ်ကို ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ကြောင်း လွှတ်တော်က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့မှာ တရားဝင် အတည်ပြုပေးလိုက်ပါတယ်။ နောက်သီတင်းနှစ်ပတ်ကျရင်တော့ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ဒုတိယအကြိမ်ပြန်ရောက်လာပြီး တာဝန်ထမ်းဖို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်မှာပါ။ အမေရိကန် ဥပဒေအရ ပြည်နယ်…
ဖလမ်းတွင် ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများ အပါအဝင် ၈ ဦး သေဆုံး
တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ရှိ ခွန်လုံး (Kuanglung) ရွာကို ဇန်နဝါရီ ၄ ရက် ညသန်းခေါင်၌ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသောကြောင့် စစ်သုံ့ပန်း ၇ ဦးနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း သိရသည်။ နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ချင်းညီနောင်တပ်ဖွဲ့၏ စစ်သုံ့ပန်းထိန်းသိမ်းထားသည့် စာသင်ကျောင်းပေါ် ကြဲခဲ့သောကြောင့် ထိုသို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့်…
အိန္ဒိယ-မြန်မာနယ်စပ်မိုးရေးမြို့ မှာ ကူကီး-ဇို အမျိုးသမီးများ ငြိမ်းချမ်းစွာ ဆန္ဒပြ
မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့မှာ ကူကီး-ဇို အမျိုးသမီး ရာနဲ့ချီ ဇန်နဝါရီ ၃ရက်နေ့က မိုးရေးမြို့ တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့က ဆိုင်ဘိုလ် ဒေသမှာ ကူကီး-ဇိုအမျိုးသမီးများ တားဆီးပိတ်ဆို့မှုကို CRPFတပ်များနဲ့ BSF တပ်ဖွဲ့များက အကြမ်းဖက်နှိမ်နင်းမှုကြောင့် အမျိုးသမီး (၆၄)ဦး ထိခိုက်ဒါဏ်ရာရရှိပြီး တစ်ဦးမှာ မျက်လုံးတစ်ဘက်ခွဲထုတ်ခံရတဲ့ အထိဖြစ်ပွားတဲ့…
ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ နှစ်ပွဲမှာ PDFတွေလက်စွမ်းပြလို့စစ်သား(၁၀၀)ဝန်းကျင်သေ၊ ၉ ဦးအဖမ်းခံရ
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြောင်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ၂ နေရာမှာ တိုက်ခိုက်ခဲ့တာမှာ စုစုပေါင်းစစ်သား၁၀၀ ဝန်းကျင်သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။ စစ်ကိုင်းတပ်မ (၃၃) ကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိမ်းမကားကျေးရွာရဲစခန်းကိုထိုင်ဖို့ တောလမ်းကနေလာတဲ့ စစ်ကြောင်းကို အုန္နဲဘုတ်ကျေးရွာမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ စစ်သား၂၀ကျော်သေဆုံးပြီး၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ရွှေဘိုခရိုင်တပ်ရင်း(၁၈)ရဲ့တာဝန်ရှိသူကပြောပါတယ်။ "ကျည်ကုန်သွားလို့ သုံးဦးဖမ်းမိတဲ့အနေအထားပါ။လက်ရှိအနေအထားကတော့သူတို့ ကတောထဲမှာစဥ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားလို့ကျွန်တော်တို့…
ဂျပန်နိုင်ငံမှာ အသက် (၂၂) နှစ်အရွယ် ချင်းကျောင်းသူတစ်ဦး ယာဉ်မတော်တဆမှု ကြောင့်သေဆုံး
ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိတဲ့ Asia Pacific University မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) ဒုတိယနှစ် တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူ Lia Dim Sian Muang Thaw ဟာ ဇန်နဝါရီလ ၅ ရက်နေ့ ဂျပန်စံတော်ချိန်မနက်…