မောင်တောဒေသတစ်ခုလုံး အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဟု AA ကြွေးကြော်
◾️ထွက်ပြေးသော စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့လည်း ဖမ်းမိ◾️အလောင်းများစာရင်းအရ စစ်ကောင်စီတပ်သား ၄၅၀အထက် သေဆုံးနိုင် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)အား ဒီဇင်ဘာ ၈ရက်တွင် သိမ်းပိုက်ပြီးနောက် မောင်တောဒေသတစ်ခုလုံး အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဟု အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး ရန်သူအင်အား (၇၀၀)…
ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်ရ
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက အင်အားရာချီဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေမှုများကြောင့် တပတ်ကြာခုခံအပြီးမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။ ဟားခါး- ထန်တလန်လမ်းပေါ်ရှိ Kiamtlang စခန်းကုန်းသည် စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်သောကြောင့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် ထိုးစစ်ဆင် သိမ်းနေရသော စခန်းတစ်ခုဖြစ်ကြောင်း ချင်းအင်အားစုများက ပြောသည်။ နိုဝင်ဘာ ၃၀ရက်က စစ်ကောင်စီဘက်က…
ဟားခါး-ဖလမ်းကားလမ်းဘေးက ချွန်ကျုံးရွာကို စစ်အုပ်စုလေကြောင်းဗုံးကြဲ မိသားစုဝင် လေးဦး သေဆုံး၊ ကိုးဦးဒဏ်ရာရ
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါး-ဖလမ် ကားလမ်းဘေး မှာတည်ရှိတဲ့ ချွန်ကျုံးရွာ ကို စစ်အုပ်စုက ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် နေအိမ်အတွင်းရှိနေတဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အသက် ၆၆ နှစ် အရွယ် ဦး ဦးရမ်ကျုံး ( Pu Ram Cun) ၊ ဇနီးဖြစ်သူ အသက်…
ဆီးရီးယားသူပုန်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း အာဏာလွှဲပြောင်းရေးဆွေးနွေး
ဆီရီးယား သူပုန်ခေါင်းဆောင် Abu Mohammed al-Jolani နဲ့ ဝန်ကြီးချုပ် Mohammed al-Jalali တို့ ဟာ အာဏာလွှဲပြောင်းရေး ဆွေးနွေးခဲ့ကြတယ်လို့ သူပုန်တွေက တနင်္လာနေ့ မှာ ပြောပါတယ်။ လူထုက ရွေးချယ်တဲ့ ဘယ်ခေါင်းဆောင်နဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီး၊ အာဏာလွှဲပြောင်းရေး ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်လို့ ဝန်ကြီးချုပ် Jalali က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။ ဆီးရီးယား…
တီးတိန် နှင့် ကလေးမြို့ ပြေးဆွဲနေသည့် မော်တော်ယာဥ်လိုင်းများ စျေးမြင့်တက်နေ
ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို နေ့စဥ်ပြေးဆွဲသည့် မော်တော်ယာဥ်လိုင်းများ စျေးမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။ ယခုနှစ် မေလတွင်ဖြစ်ပွားသည့် တီးတိန်မြို့တိုက်ပွဲအပြီးတွင် ယာဉ်စီးခနှုန်းထား ကျပ်တစ်သိန်းဝန်းကျင်နီးပါးမြင့်တက်သွားပြီး ယခုအခါ ခုနှစ်သောင်းကျပ်ထိမြင့်တက်နေဆဲဖြစ်သည်။ "လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်တွေဖြစ်ဖြစ် ကလေးမြို့တခေါက်ဆင်းဖို့ဆိုတာ မလွယ်ဘူး။ အသွားအပြန် ကားခ နှစ်သိန်းဝန်းကျင်လောက် ကုန်တယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။…
KIO ဥက္ကဋ္ဌ နဲ့ အဖွဲ့ တရုတ်နိုင်ငံသွားရောက်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံမှာရောက်နေပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိပေမဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး အထူးသဖြင့် မြောက်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနေချိန်မှာ KIO အဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံကို သွားခဲ့တာပါ။ KIO အဖွဲ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့…
Arakan Army က စကခ (၁၅) တပ်မမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကိုဖမ်းဆီး
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ နခခ ၅ စခန်းမှ ထွက်ပြေးသွားသော စကခ ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က ဖမ်းဆီးရရှိထားကြောင်း AA၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်အရာရှိကြီးတချို့ကို AA က လက်ရ…
စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဖမ်းဆီးခံရ
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အုပ်ချုပ်ရေးကြေညာဖို့ သမ္မတ Yoon Suk Yeol ကို အကြံပြုခဲ့သူလို့ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို တောင်ကိုရီးယား တရားရေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong Hyun ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ ဆိုးလ်မြို့မှာရှိတဲ့ တောင်ကိုရီးယားအစိုးရရှေ့နေချုပ်ရုံးကို သူ့ဘာသာသူ သူသဘောဆန္ဒအလျောက် လာရောက်ခဲ့ပြီး အဲဒီမှာ သူ့ရဲ့ လက်ကိုင်ဖုန်းကို သိမ်းလိုက်သလို သူ့ကိုလည်း…
ဆီးရီးယားမြို့တော် သူပုန်တွေ သိမ်းပိုက်ပြီး သမ္မတအာဆတ် အုပ်ချုပ်မှု အဆုံးသတ်
ဆီးရီးယားနိုင်ငံမှာ ရုတ်တရက် ထိုးစစ်ဆင်ခဲ့တဲ့ သူပုန်တွေက ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ပဲ Damascus မြို့တော်ကို ထိန်းချုပ်လိုက်ရာက အစိုးရအုပ်ချုပ်မှု ပြိုလဲသွားပါတယ်။ နှစ်ပေါင်း ၅၀ ကြာ သမ္မတ Bashar Assad မိသားစု အုပ်ချုပ်မှု အဆုံးသတ်သွားတဲ့အတွက် လူတွေလမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြတာပါ။ သမ္မတကို ရာထူးက ဖယ်ရှားလိုက်ပြီး၊ ဖမ်းဆီးထားသူအားလုံးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း အုပ်စုတစုကလည်း…
ဟားခါး – ထန်တလန်ကြားနောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်နိုင်ခဲ့
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားသော အော်တိုတောင်တပ်စခန်းကို ယနေ့(ဒီဇင်ဘာ ၈ရက်) ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပြောသည်။ CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းပါဝင်သည့် ချင်းပြည်ကောင်စီ တပ်များသည် နိုဝင်ဘာ ၂၂ရက်ကစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီ တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၇ ရက်အကြာ ဒီဇင်ဘာ ၈ရက်တွင်…