ဟားခါးအနီး စစ်ကောင်စီစခန်းသိမ်းပိုက်မှု တပ်ရင်းမှူးအပါအဝင် ၁၁ဦးသေ၊ ၁၉ဦး အရှင်မိ

ဟားခါးမြို့အနီးရှိ Ruavazung စစ်ကောင်စီစခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)ပါဝင်သည့် ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ယနေ့ (နိုဝင်ဘာ ၃၀ရက်) နံနက် ၉နာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူး ပါဝင် ၁၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား ၁၉ဦးကို အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည် ။ " ဟားခါးမြို့နဲ့သိပ်မဝေးတဲ့နေရာက စခန်းပါ။ ဒီမနက်အစောပိုင်းမှာဘဲ ဝင်ပြီးတိုက်ခိုက်ခဲ့ကြတာ။ တရားဝင်သတင်းမထုတ်ပြန်သေးပေမယ့်…

ဖယ်ခုံမှာ စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ၊ ဒဏ်ရာရသူတိုးပွါးလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ကုန်းပေါရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူ ခြောက်ဦး သေဆုံးပြီးနောက် ဆက်လက်ပစ်ခတ်နေလို့ နေရာရွေ့ပြောင်းရတယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။ နိုဝင်ဘာလ ၂၇ ရက်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ရပြီးနောက်…

တွန်းဇံမြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည့်သူ့ရင်ခွင်ထံ အလင်းဝင်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည်သူ့ရင်ခွင်ထံအလင်းဝင် ခဲ့ပြီး လူဦးရေ ၃၀ ကျော်ကို ခံဝန်ထိုးပြီး ဘေးလွတ်ရာနေရာကို ပို့ဆောင်ထားပြီဖြစ်ကြောင်း တွန်းဇံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစစ်…

တွန်းဇံမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာအချို့ရှိသော်လည်း နားလည်မှုဖြင့်လုပ်ဆောင်မည်ဟု CDF တွန်းဇံ ပြော

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပြဿနာအချို့ရှိနေသော်လည်း ပြည်သူများ တော်လှန်ရေးအပေါ် အထင်မမှားစေရန် နားလည်မှုရှိရှိဖြင့် လုပ်ဆောင် သွားမည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူ ဦးအဲလက်စ်က ပြောသည်။ စစ်တပ်အာဏာသိမ်းစကတည်းက CDF တွန်းဇံ ကို ဖွဲ့စည်းထားပြီး ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ယခုနှစ် မေလတွင် တွန်းဇံမြို့ကို သိမ်းပိုက်ပြီးနောက် တွန်းဇံမြို့နယ်ကောင်စီဟူ၍ ဖွဲ့စည်းထားသည်။ အဆိုပါကောင်စီကို တွန်းဇံမြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က…

မတူပီဒေသတွင်း သင့်မြတ်မှုရှိရန် ဒီဇင်ဘာလထဲမှာ သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ဖို့ မျှော်မှန်း

ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်ထဲက ပဋိပက္ခများကို သက်ဆိုင်ရာ CDF-Matupi တပ်မဟာ ၁၊ တပ်မဟာ ၂ နဲ့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့တို့ဟာ လာမယ့်ဒီဇင်ဘာလ ထဲမှာ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ ရဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်း CDF-Matupi တပ်မဟာ (၁) အပြင်…

ယူကရိန်းအတွက် အဝေးပစ်ဒုံးကျည်နှင့် အဝေးတိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ဖို့ ဆွီဒင်က ရံပုံငွေ ကူညီမည်

အဝေးပစ်ဒုံးကျည်တွေနဲ့ တာဝေးတိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းတွေကို ရင်းနှီးမြုပ်နှံရေးရံပုံငွေ အများအပြား ကူညီ ပေးအပ်မယ်လို့ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါ ယွန်ဆင်က ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့က ဆွီဒင်နိုင်ငံ ကားလ်ဘာ့ဂ် နန်းတော်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမဲရောဗ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်တာပါ။ ယူကရိန်းအနေနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ လက်နက်မျိုးစုံရှိဖို့လိုအပ်တဲ့အတွက် ဒိန်းမတ်နိုင်ငံက ရင်းနှီးမြုပ်နှံကူညီပေးနေသလိုမျိုး ဆွီဒင်က ကူညီသွားမယ်လို့…

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရှိ လျှပ်စစ်စွမ်းအင်ထုတ် စက်ရုံများ ထိခိုက်ပျက်ဆီး

ရုရှားနိုင်ငံဟာ စနေ၊တနင်္ဂနွေနေ့တွေက ယူကရိန်းနိုင်ငံကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ရာမှာ လျှပ်စစ် စွမ်းအင်ထုတ် စက်ရုံ ၃ ခု ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ စွမ်းအင်ထုတ် စက်ရုံတွေက DTEK စက်ရုံတွေဖြစ်တယ်လို့လည်းသိရပါတယ်။ DTEK လျှပ်စစ်ကုမ္ပဏီဟာ ယူကရိန်းနိုင်ငံရဲ့ လေးပုံ တစ်ပုံကို လျှပ်စစ်မီး ရရှိဖို့ လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ ရုရှားဟာ တနင်္ဂနွေနေ့က ဒုံးကျည် အစီး ၂၀၀…

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ တောင်ကုတ်မြို့ကို AA ထိန်းချုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ထိန်ချုပ်လိုက်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ် မြို့မရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား နှစ်ရာခန့်ကိုတော့ AA က ဝင်ရောက်မတိုက်ခိုက်ခင်ကတည်းက စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့အခြေစိုက်ရာ နေရာတွေကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။ တောင်ကုတ်မြို့ကို နိုဝင်ဘာ…

ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွဲစဉ် CNA က ဖလမ်းမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့သစ်ပေါ်ပေါက်ဖို့စည်းရုံးရေးဆင်းနေ

CB Operation MJ စစ်ဆင်ရေးဖြင့် ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွဲစဉ်မှာ CNA ကဖလမ်းမြို့နယ်အတွင်း CDF အဖွဲ့သစ်ဖွဲ့စည်းဖို့ နိုဝင်ဘာလ ၁၅ ရက်ကစပြီး ယမန်နေ့အထိ တစ်ရွာဝင်တစ်ရွာထွက်စည်းရုံးရေးဆင်းနေလို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ လက်နက်အပြည့်အစုံနဲ့ CNA တပ်သား အင်အား ၂၀ တို့ဟာ ကားတစ်စီး ဆိုင်ကယ်များနဲ့အတူ ဘွာလ်ခွာကျေးရွာ၊ ဖိုင်ဇောလ်ကျေးရွာ၊ ငမွာလ်ကျေးရွာနဲ့ အခြား ကျေးရွာ ၅ရွာသို့ စည်းရုံးရေးဝင်သွားပြီလို့သိရတယ်။…

မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်

မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ မျှော်လင့်ချက်ဟာ နှစ်ပေါင်းရှစ်ဆယ်နီးပါး ရှိလာပါပြီ။ ဖက်ဒရယ်စနစ်ဆိုတာ အရေးပါတဲ့ စီမံအုပ်ချုပ်မှုအာဏာကို ပြည်နယ်အသီးသီးက ရယူထားပြီး၊ ဗဟိုက တိုက်ရိုက်စီမံအုပ်ချုပ်တဲ့ အစိုးရစနစ်မျိုးမှာ မရနိုင်တဲ့ လူနည်းစုတိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစေမယ့် အစိုးရစနစ်ပါ။ ပြီးခဲ့တဲ့ အနှစ်ရှစ်ဆယ်နီးပါး ကာလအတွင်း "ပြည်ထောင်စုမပြိုကွဲရေး" ဆိုတာကိုအကြောင်းပြပြီး စစ်တပ်ရဲ့ အကြိမ်ကြိမ် အာဏာသိမ်းမှုတွေက…

You missed