ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ
တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု သိရှိရသည်။ အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး၊ ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့်လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။…
မီဇိုအုပ်စုများသည် မဏိပူရပြည်နယ် မားကျေးရွာ စေတနာ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်းကို ရှုတ်ချ
မီဇိုရမ်ပြည်နယ် အထွတ်အထိပ် ကျောင်းသားအဖွဲ့ Mizo Zirlai Pawl (MZP) နှင့် အာဏာရနိုင်ငံရေးပါတီဟောင်း မီဇိုအမျိုးသားတပ်ဦး (MNF) တို့သည် မဏိပူရပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အသက် ( ၃၁) Miss. Zosangkim Hmar နှင့် Hmar စေတနာ့ဝန်ထမ်း ၁၀ ဦးကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ခြင်းသကို ရှုတ်ချခဲ့သည်။ အထူးသဖြင့်…
ပုလဲမြို့တွင် စစ်ကောင်စီနှင့် ဗိုလ်နဂါးတပ်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေ
ပြီးခဲ့သည့် တနင်္လာနေ့ကစတင်ခဲ့သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့်မဟာမိတ်တို့၏ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တိုက်ပွဲသည် သုံးရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ များသုံးကာ ပြန်လည်တိုက်ခိုက်နေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော် သာကွာဝေးသည့် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့်…
ဟားခါးတိုက်ပွဲမှာ စစ်ရဟတ်ယာဥ်တစ်စင်းကို ပစ်ခတ်နိုင်ခဲ့ကြောင်း CDF-Hakha ထုတ်ပြန်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်း အမြီးပိုင်း ပျက်စီးသည်အထိ ပစ်ခတ်နိုင်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ငါးဆယ်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ…
ဖလမ်းမြို့သိမ်းတိုက်ပွဲ ခလရ ၂၆၈ မှအပ ကျန်နေရာများကို ချင်းညီနောင်သိမ်းပိုက်ထား
ချင်းညီနောင်အဖွဲ့က တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ အမှတ် ၂၆၈ ခြေ လျင်တပ်ရင်း( ခလရ၂၆၈) မှလွဲ၍ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး လက်နက်ချအလင်းဝင်ကြောင်း သတင်းရရှိသည်။ " ရဲစခန်းနဲ့ထွေအုပ်ရုံးကို ရထားတာ၂ ရက်ရှိပြီ။ ချင်းရဲဘော်တွေက သတင်းမထုတ်ပြန်သေးတာ။ ကျန်နေတာက ခလရ ၂၆၈။ တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ကလေးမြို့ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာပါ" ဟု…
မဏိပူပြည်နယ်မှာ ရဲနဲ့ ကူကီးတိုင်းရင်းသားတွေ အဓိကရုဏ်းကြောင့် လူ ၁၀ ဦးသေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း မဏိပူပြည်နယ်ကရဲစခန်းတခုကို မနေ့က ကူကီးလူမျိုးစုတွေဝင်ရောက် တိုက်ခိုက်ပြီး အိန္ဒိယရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် လူ ၁၀ ယောက်လောက် သေဆုံးသွားတဲ့အကြောင်း ခရိုင်အရာရှိတွေကပြောပါတယ်။ ၄၅ မိနစ်လောက်ကြာ တိုက်ခိုက်မှုအတွင်း ရဲအရာရှိတဦး ထိခိုက်ဒဏ်ရာရသွားကြောင်းနဲ့ တိုက်ခိုက်သူတွေဆီက ရိုင်ဖယ်သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေ သိမ်းဆည်းရမိကြောင်း အိန္ဒိယ အရာရှိတွေ ကပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကိုနောက်ထပ် လုံခြုံရေးတပ်ဖွဲ့တွေ ထပ်လွှတ်ပြီး အားဖြည့်ထားကြောင်းလည်း မဏိပူအစိုးရတာဝန်ရှိသူတွေက…
နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရ၊ ပြည်သူ ၂၀ခန့်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ခန့်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများပြားကြောင်း အဆိုပါမြို့ခံများက ပြောသည်။ ယနေ့ (နိုဝင်ဘာ ၁၂ရက်) နေ့လယ် ၂နာရီခွဲခန့်တွင် နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူမှာ၂၀ခန့်ရှိနေပြီး ခရီးဝေးဧည့်သည်အများစုပါဝင်သည်ဟု ၎င်းက ပြောသည်။ "လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ် တည့်တည့်ကျတာ"ဟု PDF ရဲဘော်က ပြောသည်။ "လန်းဆန်းတော့ မြေကွက်လပ်ပဲကျန်တယ်တဲ့။…
မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ၂၀ ဦးအထိတိုးလာပြီး၊ ၁၃ ဦးဒဏ်ရာရ
တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက် နှင့် မြို့အနောက်ပိုင်း လူးထရပ်ကွက်တို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၁၁ ရက်နေ့ ည (၁၁) နာရီခန့် က လေယာဉ် နှစ်စီးက ဗုံး ၅ လုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း၂၀ဦး သေဆုံးပြီး၊…
အစိုးရအဖွဲ့ဝင်သစ်တချို့ ရွေးကောက်ခံသမ္မတ Trump ကြေညာ
အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က အစိုးရအဖွဲ့ဝင် အသစ်တချို့ကို ဆက်လက် ခန့်ထားလိုက်ပါတယ်။ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ကို ယခင်သူ့ ပထမသက်တမ်းမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ကို တာဝန်ယူခဲ့သူ Thomas Homan ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အောက်လွှတ်တော် ရီပါဘလီကန် အမတ် Elise Stefanik…
အမ်းမြို့သိမ်း တိုက်ပွဲမှာ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချအလင်းဝင်
ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အာရက္ခတပ်တော် AA ထံသို့ လက်နက်ချ အလင်းဝင်လာသူ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း ခိုင်မာသော သတင်းရင်းမြစ်ထံမှ သိရသည်။ မဲတောင်ဗျူဟာကုန်း သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က စ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်ကြသည့် စစ်ကောင်စီတပ်သား အရေအတွက်ဖြစ်သည်ဟု…