နောင်ချို ခမရ-၁၁၅ တပ်ရင်းကနေ လက်နက် လေးရာနီးပါး ရရှိကြောင်း TNLA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၁၁၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ၃၈၀ ကျော်အထိ သိမ်းပိုက်ရရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ သိမ်းဆည်းရမိတဲ့အထဲမှာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး၊ RPG-7 ၊ ပွိုင့်- 5 စက်သေနတ်နဲ့…
ဟားခါး (ချင်း)ဘာသာစကား Google Translate မှာ သုံးးပြုလို့ရပြီ
ဟားခါး (ချင်း) ဘာသာစကားက Google Translate မှာအသုံးပြုလို့ရပြီဖြစ်ပါတယ်။ Google အဖွဲ့အစည်း အနေနဲ့ မနေ့ ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့မှာ ဘာသာစကားပေါင်း ၁၁၀ ကိုထပ်ထည့် ထားရာ ဟားခါး (ချင်း) ဘာသာ စကားလည်းပါဝင်လာတာဖြစ်ကြောင့် ဖော်ပြထားပါတယ်။ ယခုအသစ်ထည့်ထားတဲ့ Google Translate ဘာသာစကားတွေမှာ မြန်မာနိုင်ငံထဲကနေ ချင်းဘာသာ စကား…
တီးတိန်မြို့နယ် သိုင်းငင်းရွာ ကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စတင်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၂၅ လုံးမီးလောင်ပြာကျခဲ့သလို နေအိမ် ၅လုံး လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ်သုံးဆယ် ကျော်ရှိတဲ့ သိုင်းငင်းရွာမှာအကောင်းအတိုင်းကျန်တဲ့ နေအိမ် တစ်လုံးမှ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။…
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ Chinland Council တပ်သားများကို ဖော်ထုတ်အရေးယူမယ်လို့ Chinland Council- Headquarters ထုတ်ပြန်
ချင်းပြည်နယ်၊ တွန်းဇံမြို့ မြို့သိမ်းတိုက်ပွဲက ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားထဲက ချင်းလူမျိုးတစ်ယောက်အပါအဝင် ၃ ဦးကိုပစ်သတ်တဲ့ Chinland Council တပ်သားများကို ဖော်ထုတ်အရေးယူသွားမယ်လို့ ယနေ့တွင် Chinland Council ကထုတ်ပြန်ထားပါတယ်။ ယင်းဗီဒီယိုင်ဖိုင်ဟာ ဇွန်လ ၂၂ ရက်တွင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီး ကြည့်ရှုသူများရဲ့ ဝေဖန်ပြစ်တင်မှုကိုခံခဲ့ရပါတယ်။ ဗီဒီယိုဟာ ၂မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့…
ကျောက်မဲမြို့က စစ်ကောင်စီတပ်သား ၁၇ ဦးလက်နက်ချတဲ့ရုပ်သံ TNLA ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မှာ မနေ့ကစလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ စကခ(၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တဲ့ရုပ်သံဗီဒီယိုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၆ ရက် ဒီနေ့ ညနေက သတင်းထုတ်ပြန်ပါတယ်။ “ကျောက်မဲမှာက တပ်လေးခု ရှိတာပေါ့ ။ မြို့အဝင်မှာ အမြောက်တပ်ရှိတယ်။ အဲနေရာမှာက…
တမြို့လုံးနီးပါး စစ်ရှောင်တဲ့တီးတိန်မြို့မှာ ဒေသခံတချို့အိမ်ပြန်လာကြပြီဟုဆို
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ချို့ အိမ်ပြန်လာကြပြီလို့ သိရပါတယ်။ တီးတိန်မြို့ပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နှဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးမှုကြောင့်တီးတိန်မြို့ရှိ ဒေသခံများဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပြီး ယခုအခါ မြို့ပေါ်ကို ပြန်လာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ “စကောလမ်ရပ်ကွက်မှာတော့ ပုံမှန်အတိုင်းသွားလာနေကြပြီ။စျေးဆိုင်တွေလည်း ပြန်ဖွင့်နေကြပြီ။မနက်ဆို လမ်းလျှောက်ထွက်တဲ့လူတွေရောပြန်တွေ့နေရပြီ” လို့ တီးတိန်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။ မီးရှိူ့ခံရတဲ့ မြို့မရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့မှာ နေအိမ်များဟာ လက်နက်ကြီးနဲ့…
နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေ
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၄ နှင့် ၁၁၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက…
ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ မယ်စလောင်းတောင် စစ်တပ်စခန်းကိုကရင်နီတပ်ပေါင်းစုသိမ်းပိုက်
ကရင်နီပြည်နယ် ၊ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင် စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ ဇွန်လ ၁၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ခုနှစ်ရက်အကြာ (ဇွန်လ ၂၅ ရက်) နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။ "တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ပြီးနောက်မှာ မယ့်စလောင်းတောင်စခန်းရခဲ့တာဖြစ်တယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ သို့သော် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့်လက်နက်ခဲယမ်း…
ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်သားများက ပစ်သတ်ခဲ့မှု စစ်ခေါင်းဆောင်ပြန်တောင်းပန်
ဝင်းနိမ္မိတာရုံဆရာတော်ကို သူ၏စစ်သားများက ပစ်သတ်ခဲ့သည့်အတွက် တောင်းပန်ကြောင်း လျှောက်ထားလွှာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီသာသနာရေးဝန်ကြီးကို ကျောင်းတိုက်သို့ စေလွှတ်ကာ ယနေ့တွင် ဖတ်ကြားလျှောက်ထားစေခဲ့သည်။ စစ်ခေါင်းဆောင်၏တောင်းပန်စာတွင် ဆရာတော်စီးနင်းလာသည့်ယာဉ်သည် သာသနာရေးအမှတ်အသားမပါသည့်အပြင် ကားမှန်တင်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ခဲ့ခြင်းကြောင့် သူ၏စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပြီး ထိုဖြစ်ရပ်အတွက် အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးလုပ်နေသည်ဟုလည်း ပါရှိသည်။ ဆရာတော်ကို ဒေသတွင်းမှ တော်လှန်ရေးတပ် PDF များက…
စစ်ကောင်စီအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်လာသည့် သံတွဲလေဆိပ်ကျဆုံးမှု
နာမည်ကျော် ငပလီကမ်းခြေ၏ တစ်ခုတည်းသောလေကြောင်းဝင်ပေါက်ဖြစ်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲလေဆိပ်ကို ယမန်နေ့ (ဇွန် ၂၃) ညနေ ၄ နာရီခန့်တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့သည်။ သံတွဲလေဆိပ်နှင့် ငပလီကမ်းခြေတစ်လျှောက် AA တပ်များဖြန့်ကြက်ထားကြောင်း ဒေသခံများက ဆိုပြီး ယင်းနေရာများတစ်ဝိုက် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေသည်ဟု AA နှင့် နီးစပ်သူများကလည်း အတည်ပြုသည်။ “ငပလီကမ်းခြေတစ်လျှောက်လုံး တိုက်ပွဲပြင်းထန်နေတယ်။…