စဉ့်ကူးမြို့နယ်အတွင်း စခန်းတချို့ကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်
မန္တလေးတိုင်း၊ စဉ့်ကူး မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၆ ခုကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး၊ စစ်သုံ့ပန်း ၁၃ ဦး အရှင် ဖမ်းဆီးရမိကာ စစ်သား အလောင်းများနှင့် လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်…
တီးတိန်မြို့တွင် မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းများ တွေ့ရှိရသည့်အတွက် ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများပြော
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တိုက်ပွဲများ ငြိမ်သက်သွားသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာကြပြီဖြစ်သော်လည်း မြို့ထဲတွင် မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းများ တွေ့ရှိရသည့်အတွက် ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။ တီးတိန် တိုက်ပွဲတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းအများပြား တွေ့ရှိရပြီး သက်ဆိုင်ရာအဖွဲ့စည်းများအနေဖြင့် အရပ်သား ပြည်သူများ၏ အသက်အန္တရယ် လုံခြုံရေးအတွက် အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်းလည်း မြို့ခံများကဆိုပါသည်။ "လမ်းကြား၊ ခြံဝန်းတွေမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေ…
မန္တလေး PDF က မတ္တရာတွင်စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် တပ်စခန်း (၈)ခု သိမ်းပိုက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကမတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း အပါအဝင် တပ်စခန်း ၈ ခုအားအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ဓါတ်ပုံနှင့်တကွဖော်ပြထားသည်။ စစ်တပ်စခန်း ၈ ခုသိမ်းပိုက်စဥ် စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး…
မတူပီမြို့သိမ်းစစ်ဆင်ရေးတွင် လက်နက်ခဲယမ်းအမြောက်အမြားရရှိကြောင်း ချင်းညီနောင်အဖွဲ့ ကြေညာ
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအမြောက်အမြားကို ချင်းညီနောင်အဖွဲ့က ယနေ့ (ဇူလိုင် ၁) တွင် ထုတ်ပြန်လိုက်သည်။ မတူပီအခြေစိုက်စစ်ဗျူဟာနှင့် ခြေမြန်တပ်ရင်း ခမရ (၃၀၄)၊ ခြေလျင်တပ်ရင်း ခလရ (၁၄၀) တို့ထံမှ သိမ်းဆည်းရရှိခြင်းဖြစ်သည်ဟု ဆိုသည်။ ထုတ်ပြန်ထားသော လက်နက်ခဲယမ်းများတွင် 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ ဟောင်ဝစ်ဇာအမြောက်၊ လောင်ချာများ၊ လောင်ချာဗုံးသီးများ၊ အခြားလက်နက်ကြီးလက်နက်ငယ်များနှင့်အတူ…
မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ကြေညာ
ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် တရားဝင် ကြေညာသည်။ ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေ စစ်ရေးရည် မှန်းချက်နှင့်အညီ ချင်းညီနောင်သည် မဟာမိတ်အင်အားစုများ နှင့် ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိကြောင်း၊ မတူပီမြို့သိမ်းတိုက်ပွဲကို…
Tongsan Media Group မှ ၀မ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြားခြင်း
အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မော်တော်ကားနှင့် အိမ်ခြံမြေကဲ့သို့သော ပိုင်ဆိုင်မှုများကို အာမခံမရှိဘဲ ၀ယ်ယူဖို့ မရနိုင်ပါဘူး။ ယူအက်စ်နိုင်ငံတွင် အသက်အာမခံကို မရှိမဖြစ် ၀ယ်ယူပိုင်ဆိုင်ထားရမည်ဟု ဥပဒေပြဌာန်းချက်မရှိသော်လည်း အမြော်အမြင်ရှိသူတို့က မိမိတို့၏ မိသားစု၀င်များအတွက် အရေးကြီးသောအရာအဖြစ် သတ်မှတ်ကြသည်။ အသက်အာမခံကြေးသည် နာမကျန်းမှုကြောင့်သော်လည်းကောင်း၊ သေဆုံးမှုကြောင့်သော်လည်းကောင်း ကိစ္စတစ်ခုခုဖြစ်ခဲ့သော် ကျန်ရစ်သူမိသားစုအတွက် ကုန်ကျသက်သာစေရန်၊ ဒါမှမဟုတ် ထောက်ပံ့ကြေးရစေရန် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ထို့အတွက်ကြောင့် ယူအက်စ်…
နောင်ချို ခမရ-၁၁၅ တပ်ရင်းကနေ လက်နက် လေးရာနီးပါး ရရှိကြောင်း TNLA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၁၁၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ၃၈၀ ကျော်အထိ သိမ်းပိုက်ရရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ သိမ်းဆည်းရမိတဲ့အထဲမှာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး၊ RPG-7 ၊ ပွိုင့်- 5 စက်သေနတ်နဲ့…
ဟားခါး (ချင်း)ဘာသာစကား Google Translate မှာ သုံးးပြုလို့ရပြီ
ဟားခါး (ချင်း) ဘာသာစကားက Google Translate မှာအသုံးပြုလို့ရပြီဖြစ်ပါတယ်။ Google အဖွဲ့အစည်း အနေနဲ့ မနေ့ ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့မှာ ဘာသာစကားပေါင်း ၁၁၀ ကိုထပ်ထည့် ထားရာ ဟားခါး (ချင်း) ဘာသာ စကားလည်းပါဝင်လာတာဖြစ်ကြောင့် ဖော်ပြထားပါတယ်။ ယခုအသစ်ထည့်ထားတဲ့ Google Translate ဘာသာစကားတွေမှာ မြန်မာနိုင်ငံထဲကနေ ချင်းဘာသာ စကား…
တီးတိန်မြို့နယ် သိုင်းငင်းရွာ ကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စတင်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၂၅ လုံးမီးလောင်ပြာကျခဲ့သလို နေအိမ် ၅လုံး လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ်သုံးဆယ် ကျော်ရှိတဲ့ သိုင်းငင်းရွာမှာအကောင်းအတိုင်းကျန်တဲ့ နေအိမ် တစ်လုံးမှ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။…
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ Chinland Council တပ်သားများကို ဖော်ထုတ်အရေးယူမယ်လို့ Chinland Council- Headquarters ထုတ်ပြန်
ချင်းပြည်နယ်၊ တွန်းဇံမြို့ မြို့သိမ်းတိုက်ပွဲက ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားထဲက ချင်းလူမျိုးတစ်ယောက်အပါအဝင် ၃ ဦးကိုပစ်သတ်တဲ့ Chinland Council တပ်သားများကို ဖော်ထုတ်အရေးယူသွားမယ်လို့ ယနေ့တွင် Chinland Council ကထုတ်ပြန်ထားပါတယ်။ ယင်းဗီဒီယိုင်ဖိုင်ဟာ ဇွန်လ ၂၂ ရက်တွင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီး ကြည့်ရှုသူများရဲ့ ဝေဖန်ပြစ်တင်မှုကိုခံခဲ့ရပါတယ်။ ဗီဒီယိုဟာ ၂မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့…