KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာ ဖြစ်လာ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်ရာထူးအား KIA ဒုစစ်ဦးစီးချုပ် (၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာ အားခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၄ခုနှစ် မေလ(၁၃)ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားသော KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး R ခေါင်လွမ်း၏ နေရာတွင် ဗိုလ်ချုပ် ဝမ်းခန့် အောင်ဆိုင်းလာ အားတာဝန်ပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ဒုစစ်ဦးစီးချုပ်နေရာတွင် ယခင် ဒုစစ်ဦး စီးချုပ်(၂)ဖြစ်သူ…
တီးတိန်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က မြို့ပေါ် လူနေအိမ်များကို မီးရှို့ခြင်း၊ တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်းတို့ကြောင့် လူနေအိမ်အများအပြား မီးလောင်၊ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က မြို့ပေါ် လူနေအိမ်များကို မီးရှို့ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းတို့ကြောင့် ပြည်သူများ၏ နေအိမ်အများအပြား မီးလောင်ကျွမ်းသွားခဲ့ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် စစ်ဘေးရှောင် ပြည်သူတချို့က ပြောဆိုသည်။ မေလ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တီးတိန်မြို့အတွင်းရှိ…
ZRA-EC နှင့် CNA ကြား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ZORO က ဆောင်ရွက်မည်
ဇိုမီးတော်လှန်ရေးတပ်မတော်အရှေ့ပိုင်းတိုင်း (ZRA-EC) နှင့် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေးရှိစေရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖြစ် ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု Zo Reunification Organization (ZORO) က ပြောဆိုလိုက်သည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO အဖွဲ့သည် ZRA နှင့် CNA တို့အကြားဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ယနေ့မေလ ၂၇ ရက်နေ့တွင်…
တီးတိန်မြို့နယ်၊ မွောလ်ဘင်းရွာကို စစ်တပ်က ဗုံးကျဲမှု သားအဖ ၂ ဦးသေဆုံးပြီး ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီး
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွောလ်ဘင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ရာ သားအဖ ၂ ဦးသေဆုံးပြီး ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးကြောင်း ဒေသပြည်သူ တစ်ဦးက Tongsan Media Group သို့ ပြောဆိုသည်။ မေလ ၂၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ တီးတိန်မြို့၊ မွောလ်ဘင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့်…
ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံမှ IL 76 ကုန်တင်လေယာဉ်များဖြင့် နေပြည်တော်သို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဆက်မပြတ်ပို့ဆောင်နေ
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံမှ IL 76 ကုန်တင်လေယာဉ်များဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ တိုက်ရိုက် ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဆက်မပြတ်ပို့ဆောင်နေကြောင်း နေပြည်တော်လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ရုရှားနိုင်ငံမှ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ဆောင်သော IL 76 ကုန်တင်လေယာဉ် တစ်စီးသည် မေလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် နေပြည်တော်…
မရာလက်နက်ကိုင်၂ ဖွဲ့ ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးအတွက် တွေ့ဆုံဆွေးနွေး၊ နှစ်ဖက်သဘောတူညီမှုရရှိ
မရာလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးမှုကို ဘာသာရေးအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ပြုလုပ်ကာ နှစ်ဖက်သဘောတူညီမှုရရှိကြောင်းသိရသည်။ မရာဧဝံဂေလိအသင်းတော် (Mara Evangelical Church) ၏ ဦးဆောင်မှုဖြင့် MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တာဝန်ရှိ သူများသည် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ဇောင်းလိန်ရွာ၌ မေလ ၂၂…
တွန်းဇံမြို့ကို ချင်းအဖွဲ့များသိမ်းပိုက်၊ သုံ့ပန်း ၄၀ ကျော်ရပြီး နိုင်ကျဉ်းတချို့ကို ကယ်ထုတ်
ချင်းပြည်နယ် ဖလမ်းခရိုင်အတွင်းမှ တွန်းဇံမြို့နယ်ကို မေ၂၃ က ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းမိခဲ့သည်။ “မနေ့ မေ၂၃ ညနေ ၄ နာရီခွဲက နေ တွန်းဇံမြို့ပေါ် နှင့် မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံး နယ်မြေရှင်းလင်းရေးလုပ်ပြီးပြီ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ သုံ့ပန်းများအနက် ၁၅…
မြန်မာတော်လှန်ရေးအင်အားစုတွေကို နိုင်ငံခြားသားတချို့ ကူညီပေးနေ
အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတွေက စစ်ပညာတွေသင်ကြားပေးနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက အတည်ပြုပြောပါတယ်။ အခုလို သင်ကြားပေးတာဟာ နွေဦးတော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒီအကြောင်း PDF Zoland ကပေးပို့တဲ့သတင်ကို အခြေခံပြီး Tongsan Media က သတင်းရရှိပါတယ်။ ချင်းညီနောင်တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ PDF Zoland ကို နိုင်ငံခြားက စေတနာ့ဝန်ထမ်းတွေက…
တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ချင်းပူးပေါင်းတပ် သိမ်းဆည်း
ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၂၉၆ တပ်စခန်းအတွင်းမှ ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ရကြောင်း သိရပါတယ်။ ချင်းပြည်အစိုးရ တပ်ဖွဲ့၀င်များဖြစ်ကြသည့် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ (CDFs) မှ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ကို မေလ ၁၉ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် တွန်းဇံမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း၊…
တွန်းဇံမြို့ကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီတပ်အင်အားဖြည့်ကြိုးပမ်းလာ၍ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်
ချင်းပြည်နယ် တွန်းဇံမြို့အနီးတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (မေလ ၂၃ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ် က Tongsan Media ပြော သည်။ တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းပူးပေါင်းတပ်က မေလ ၁၇ရက်တွင် စတင်ခဲ့ရာ စစ်ကောင်စီတပ် ခလရ(၂၆၉) နှင့် ရဲစခန်းတို့အား သိမ်းပိုက်ပြီး မေလ ၂၁ ရက်တွင် မြို့ကိုအလုံးစုံထိန်းချုပ်နိုင်သည့် အခြေအနေ…