မင်းပြားမြို့က စစ်ကောင်စီတပ်ရင်း ခမရ (၃၈၀) ကို AA သိမ်းပိုက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၃၈၀) ကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၂၈ ရက်နေ့ ညမှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်ကစပြီး မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA)…
ဆီဆိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ဟု PNLA ထုတ်ပြန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို ဇန်နဝါရီ ၂၇ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်မှ စတင်ကာ ဆီဆိုင်မြို့ရှိ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO (ပြည်သူ့စစ်)နှင့် PNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံပြည်သူများနှင့် ကရင်နီဘက်မှ စစ်ဘေးရှောင်လာသည့် ပြည်သူ တစ်သိန်းခန့် ထပ်မံစစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ “မြို့တစ်ခုလုံးထိန်းချုပ်ပြီလို့တော့ ပြောလို့ရတယ်။…
ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ၊ စစ်သား ၅ ဦးခန့်သေဆုံးကာ တပ်မမှူးဒဏ်ရာပြင်းထန်ဟုဆို
ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး ၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ(၃၅၅)သို့လာရောက်သောစစ်တပ်ရဟတ်ယာဥ်ကို KNLA နှင့် PDF ပူးပေါင်းတပ် ကော်ဘရာစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ တပ်မမှူး ဗိုလ်မှူးကြီး (ဗိုလ်မှူးချုပ်) အေးမင်းနောင် နှင့် ခမရ(၉) တပ်ရင်းမှူး တို့အပါအဝင် ၄ဦးသေဆုံးပြီး ၂ ဦး သာ အသက်ရှင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်၏ ကြေးနန်းစာကို…
ဟိုပုံးဒေသခံများကို ပအိုဝ်းပြည်သူ့စစ် အဓမ္မ တပ်သားသစ် စုဆောင်းနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းပြည်သူ့စစ်( PNO)က လုံခြုံရေးအကြောင်းပြကာ ဒေသခံများအား အဓမ္မတပ်သားသစ်စုဆောင်းနေကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊အထူးဒေသ ၆ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ရွာထက်မနည်းတွင် အသက် ၁၆နှစ်မှ ၄၀နှစ်ကြား အမျိုးသားများကို အဓိကထားကာ ပြည်သူ့စစ်အဖြစ် အဓမ္မလူအင်အားဖြည့်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။ "မနေ့(ဇန်နဝါရီ၂၈ရက်)က ပအို့ဝ်ရွာတွေ က ရွာသားတွေကို ခေါ်တယ်။ ပအိုဝ့်ပြည်သူများနဲ့ အတူနေတိုင်းရင်းသားညီနောင်များလုံခြုံစေဖို့ဆိုပြီး…
ထားဝယ်၊ကျောက်ထု တပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်၊စစ်သား ၁၅ ဦးသေ၊ ၈ဦး အရှင်ဖမ်းမိ
ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်ထုစစ်ဆင်ရေးအခြေကုတ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့် အတူ စစ်ကောင်စီတပ်သား ရှစ်ဦးကို အရှင်ဖမ်းမိကြောင်း KNLA တပ်ရင်း (၂၇)နှင့် တပ်ရင်း (၁၂) က တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ…
ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်ထဲ အပြီးသတ် ရွေးချယ်မည်
ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကိုယ်တိုင် ဖွဲ့စည်းသည့် ချင်းလဲန်းအစိုးရ၏ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားရေးအဖွဲ့ဝင်များကို ယခုတစ်ပတ်ထဲ အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ယနေ့မှာသတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂- ၂၃ ရက်တွင် ချင်းပြည်နယ်၊ CNF ဌာနချုပ်၊ ချင်းလုံမြို့တွင် ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်ဟု သိရသည်။ ယင်းအစည်းအဝေးတွင် ချင်းလဲန်းအစိုးရအဖွဲ့ (Government of Chinland)…
အဖွဲ့ဝင်တွေလုံခြုံရေးနှင့် ယူကရိန်းအတွက် ဒေါ်လာ သန်း တသောင်းကျော်ဖိုး လက်နက် ခဲယမ်း များ နေတိုးအဖွဲ့က ဝယ်ယူထုတ်လုပ်မည်
အဖွဲ့ဝင်နိုင်ငံတွေလုံခြုံရေးနဲ့ ယူကရိန်းကို ဆက်လက်ကူညီပေးရေးအတွက် လက်နက်ကြီး အမြောက်ကျည် ဒေါ်လာ သန်း ၁၂၀၀ ဖိုး ဝယ်ယူထုတ်လုပ်ဖို့ အတွင်းရေးမှူးချူပ် ယန် စတိုတင်ဘာ့ဂ်နဲ့ နေတိုးလက်နက်ဝယ်ယူစုဆောင်းရေးအေဂျင်စီတာဝန်ခံ စတေစီ ကမ်မင်န်တို့ ဇန္နဝါရီလ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးကြောင်း နေတိုးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်က နေတိုးဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းကို…
အိန္ဒိယပြေးသည့် စစ်သားများကို သွားခေါ်သည့်သော လေယာဉ် ပြေးလမ်းချော်
အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်သားများကို သွားရောက်ခေါင်ဆောင်သည့် လေယာဉ်သည် လေဆိပ်တွင် ပြေးလမ်းချော်သွားကာ စစ်သား ၁၂ ဦး ဒဏ်ရာရသွားပြီး ၄ ဦးမှာ စိုးရိမ်ရသည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်နိုင်ငံလုပ် Shaanxi Y-8 အမျိုးအစားလေယာဉ်ဖြင့် စစ်ကောင်စီတပ်သားများကို သွားရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။ ထိုလေယာဉ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ အဓိကလေဆိပ် Lengpui တွင် ယနေ့…
လက်တောင်းငယ်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ လက်တောင်းငယ်ကျေးရွာအနီးတွင် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး - ULF ၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်ကပြောသည်။ အထက်ပါ စစ်ကောင်စီစစ်ကြောင်းမှာ ဇန်နဝါရီ ၁၉ ရက်တွင် မုံရွာမြို့၊ ညောင်ပင်ကြီးကျေးရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာပြီးနောက် ဆားလင်းကြီးမြို့နယ်အတွင်းသို့ သုံးရက်တာ စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။ ထို့နောက်…
မင်းပြားမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်သားများ AA က ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအများအပြား သေဆုံး
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို စစ်ကူလာတဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ (၂၀) ရက်နေ့မှာ မင်းပြားမြို့ကို စစ်ကူတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၂၂)…