အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် အဆင့်မြင့်ဟူသီစစ်ခေါင်းဆောင် သေဆုံးဟုဆို

အမေရိကန်ရဲ့ ဇန္နဝါရီလ ၂၀ ရက်နေ့ညပိုင်းက တိုက်ခိုက်မှုမှာ ဟူသီအဆင့်မြင့် စစ်ခေါင်း ဆောင်တဦးနဲ့ အီရန်ဒုံးကျည်အကြံပေးအရာရှိ ၂ ဦးသေဆုံးသွားရကြောင်း ယီမင်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။ ယီမင်နိုင်ငံ Shaab Al-Makhdara ဒေသက ဟူသီဒုံးကျည်အခြေစိုက်စခန်းကို အမေရိကန်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပင်လယ်နီထဲကို ဒုံးကျည်ပစ်ခတ်ဖို့ နေရာယူ ရောက်ရှိနေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ယီမင်သတင်းတွေက ဖော်ပြပါတယ်။…

ရုရှားလေကြောင်းစစ်ဆင်ရေးအမိန့်ပေးတပ်မှူးနဲ့ တပ်ဖွဲ့ဝင်များသေဆုံးသည့်သတင်းထွက်ပေါ်လာ

ဇန်နဝါရီ ၁၄ ရက်နေ့က အဇောဗ်ပင်လယ်ပြင်မှာ ပစ်ခတ်ခံခဲ့ရတဲ့ ရုရှားလေကြောင်းစစ်ဆင်ရေး အမိန့်ပေးလေယာဥ် IL-22M ရဲ့ တပ်မှူး ဗစ်တာ ကလီမောဗ် သေဆုံးသွားပြီလို့ ရုရှား လေတပ်လူမှုကွန်ယက်သတင်းတွေက ဖော်ပြသလို သက်ဆိုင်ရာမိသားစုတွေကလည်း လူမှုကွန်ယက်မှာ နာရေးသတင်းအဖြစ် ဖော်ပြထားပါတယ်။ တပ်မှူး ကလီမောဗ်နဲ့အတူ စစ်ဆင်ရေးအမိန့်ပေးတပ်ဖွဲ့ဝင်၂ ဦးသေဆုံးခဲ့ ရကြောင်းလည်း လေတပ်လူမှုကွန်ယက် သတင်းတွေက ဖော်ပြပါတယ်။ အဇောဗ်ပင်လယ်ပြင်ကနေ ရုရှားနိုင်ငံ…

ခိုင်ကမ်းရဲစခန်းအနီး ပြည်သူများ ဘေးကင်းရာရှောင်ရှားကြရန် CDF-CDM (စီးယင်း) အသိပေး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းရဲစခန်းအနီးရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းရာရှောင်ရှားပေးကြရန် CDF-CDM (စီးယင်း)က ထုတ်ပြန်သည်။ တီးတိန်မြို့နယ်အတွင်း သိုင်းငင်းစခန်းကို သိမ်းပြီးနောက် ကျန်ရှိနေသေးသော ခိုင်ကမ်းမြို့ရှိ ရဲစခန်းကို မကြာမီအချိန်အတွင်း သိမ်းပိုက်ထိန်းချုပ်တော့မည်ဖြစ်သောကြောင့်ဟု CDF – CDM(စီးယင်း)က ဆိုသည်။ “ကိုးမိုင် ခိုင်ကမ်းရှိ ပြည်သူ့ချစ်ရဲဝန်ထမ်းများ၊ စစ်ဝန်ထမ်းများ တိုက်ပွဲမစမီ အမြန်ဆုံး CDF-CDM (စီးယင်း)ထံ အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပါ”ဟု…

အမြောက်တပ်ရင်းအပါအဝင် ကျောက်တော် တပ်ရင်းနှစ်ခုမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေကို AA ပြသ

ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ်နှင့် ခမရ (၅၃၉) တို့ကို ဇန်နဝါရီလ ၁၄ နှင့် ၁၆ တို့တွင် သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉) သည် အမှတ် (၉)…

စစ်ကောင်စီတပ်သားများ အိန္ဒိယသို့ စခန်းစွန့် ထွက်ပြေးမှုများလာချိန်နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တော့မည်ဟု အိန္ဒိယ ကြေညာ

အိန္ဒိယ−မြန်မာနယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ အိန္ဒိယဘက်သို့ နယ်စပ်ဖြတ် ထွက်ပြေးမှုများ များပြားလာပြီးနောက် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တော့မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ပြောသည် “အိန္ဒိယ-မြန်မာနယ်စပ် တစ်ခုလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်” ဟု အာသံပြည်နယ်သို့ Amit Shah အလည်အပတ် ရောက်ရှိစဉ် ပြောဆိုခဲ့သည်ဟု AFP…

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂါဇာကမ်းမြောင်ဒေသကို လက်ကားဖျက်ဆီးမှုဟာ မကြုံစဖူးဖြစ်နေတယ်လို့ ပြော

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာကမ်းမြောင်ဒေသကို ဖျက်ဆီးခြင်းမှာ မကြုံစဖူးဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ၏ ပြည်နယ်အဖြစ် ရပ်တည်ပိုင်ခွင့်ကို လူတိုင်းက အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ်ပါလာတွင် ၁၉ ကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှု (NAM) ထိပ်သီးဆွေးနွေးပွဲ၌ ဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် ပြည်နယ်နှစ်ရပ်ဖြေရှင်းချက်ကို လက်ခံရန် ငြင်းဆိုမှုနှင့် ပါလက်စတိုင်းပြည်သူများအတွက် နိုင်ငံတော်အာဏာကို ငြင်းပယ်ခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။…

ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံ ၇၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးက ဖျက်ဆီးခဲ့

ရက်ပေါင်းတစ်ရာကျော်ကြာမြင့်နေပြီဖြစ်သည့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ၇၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki က ၁၉ ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရများအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယူဂန်ဒါမြို့တော် ကမ်ပါလာတွင် ဘက်မလိုက်သော လှုပ်ရှားမှု။ “အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်မှာ အိမ်ခြေ ၇၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့ပြီး ပါလက်စတိုင်း ၂ သန်းနီးပါး…

ကမ္ဘာကြီး တည်ငြိမ် ငြိမ်းချမ်းဖို့ ရုရှားနှင့်မြောက်ကိုရီးယား ပူးပေါင်းလုပ်ဆောင်မည်ဟုဆို

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မြောက်ကိုရီးယားနဲ့ တိုးမြှင့် ပူးပေါင်းဆောင်ရွက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။ မော်စကိုမြို့တော်ကို ရောက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်ဟွေးနဲ့ ဇန်နဝါရီ ၁၆ ရက်က သီးသန့် တွေ့ဆုံဆွေးနွေးရာမှာ ပူတင်က ပြောလိုက်တာလို့ ရုရှားသမ္မတရုံး ပြောခွင့်ရသူ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။ ဝန်ကြီး ချိုးဆန်ဟွေးက တဆင့် မြောက်ကိုရီးယား…

လူ့အခွင့်အရေး ကာကွယ်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို အီရန်နင့် တာလီဘန် ပူးပေါင်းဆောင်ရွက်မည်

လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်းလုပ်သွားဖို့ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနဲ့ သဘောတူညီမှုရခဲ့ကြောင်း အီရန်အစိုးရက ဇန္နဝါရီ ၂၀ မှာ သတင်းထုတ်ပြန်ပါတယ်။ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ အီရန် သမ္မတရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန် ဟာဆန် ကာဇမီ နဲ့ တာလီဘန် တရားရေးကောင်စီ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီမှုရခဲ့တာလို့ ဆိုပါတယ်။ အကြမ်းဖက်ဝါဒ…

အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သေဆုံး

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော် အနီးကို ဇန္နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှာ အစ္စရေးက လေကြောင်းက တိုက်ခိုက်လို့ အီရန်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးချုပ် အဘူ ဆဒတ် အပါအဝင် စစ်အရာရှိ ၄ ဦးသေဆုံးခဲ့ရကြောင်း အီရန်အစိုးရ သတင်းဌာနက ဖော်ပြပါတယ်။ အီရန် စစ်အရာရှိတွေနဲ့အတူ ဆီးရီးယား အဆင့်မြင့် အရာရှိ တော်တော်များများလည်း သေဆုံး ဒဏ်ရာရတယ်ဆိုပါတယ်။ အီရန်…

You missed