ဟောင်ကောင်မီးဘေး ၉၄ ဦးသေ၊ ၃၀၀ နီးပါးပျောက်ဆုံး
ဟောင်ကောင်မှာ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၉၄ ဦးသေဆုံးပြီး ဒီမနက်အထိ လူ ၃၀၀ နီးပါးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာ နေစရာဆုံးရှုံးခဲ့ပြီး လူအသေအပျောက်များတဲ့ဆုံး မီးလောင်မှုနဲ့ပတ်သက်လို့ ဟောင်ကောင်က အာမခံလုပ်ငန်းတွေဟာ အာမခံငွေတောင်းခံမှုများစွာနဲ့ကြုံရတော့မှာဖြစ်ပါတယ်။ ဒီအဖြစ်ဆိုးဟာ မြို့တွင်း ချမှတ်ထားတဲ့ မူဝါဒတွေကို စမ်းသပ်မှုလည်းဖြစ်လာနိုင်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာက အာမခံယူထားတဲ့ တရုတ်တိုင်ပင်အာမခံလုပ်ငန်းဟာ ပျက်စီးမှုတွေအတွက် နစ်နာကြေး ဟောင်ကောင် ဒေါ်လာ ၂ ဘီလီယံ(ဒေါ်လာ…
စစ်တပ်၏ ပုဒ် ၅၀၅ (က) လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ
အကြမ်းဖက် စစ်တပ်၏ ပုဒ် ၅၀၅ (က) လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်လာပြီး နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ…
အမေရိကန်မှာ မြန်မာအပါအဝင် နိုင်ငံ ၁၉ နိုင်ငံမှ Green Card ကိုင်ဆောင်သူတွေကို ပြန်လည်စိစစ်မယ်
အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) လက်အောက်ရှိ အမေရိကန်နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန ဟာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံ မှ အမြဲတမ်းနေထိုင်ခွင့်ကတ် (Green Card) ကိုင်ဆောင်ထားသူတွေကို ပြန်လည်စိစစ်မယ့် မူဝါဒအသစ် ကို တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမူဝါဒ ဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်မှာ…
တီးတိန်မြို့အဝင်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဂိတ်ကို PDF Zoland တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတချို့ရရှိ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တီးတိန်မြို့ အဝင် ဆိုင်းဘုတ်အနီးမှာ တပ်စွဲထားသော စစ်အုပ်စုတပ်ရဲ့ ခလရ-၂၆၉ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့ တွေက နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ PDF Zoland က ထုတ်ပြန်ပါတယ်။ စစ်အုပ်စုတပ်ဟာ တီးတိန်မြို့က ဒေသခံတွေရဲ့ မြို့အဝင်အထွက်ကို စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ…
မော်ချီးက နေရာသုံးခုကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ပြည်သူထိခိုက်သေဆုံးမှုရှိ
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ မော်ချီးဒေသအတွင်းက နေရာသုံးခုကို ၃ ကြိမ်ခန့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လေယာဉ်ကြဲသွားတာက ဒီမနက်…
တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာမှာ စစ်ကော်မရှင်တပ်မှ ဗုံးကြဲ တာကြောင့် အဆောက်အဦး တချို့ပျက်စီး
နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၂ နာရီ အစောပိုင်းမှာ စစ်ကော်မရှင် လေတပ်မှ တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဘော်ဒါဆောင် အပါအဝင် အဆောက်အဦး အချို့ နှင့် သာသနိက အဆောက်အဦး အချို့ ပျက်စီးခဲ့တယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိရ ပါတယ်။…
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ထုတ်လိုင် ဘုရားကျောင်းရာပြည့်မှတ်တိုင်စိုက်ထူခဲ့
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာ၊ ခရစ်ယာန်နှစ်ခြင်း အသင်းတော် ဘုရားကျောင်း နှစ်တစ်ရာ ပြည့်ပွဲကို ၂၀၂၅၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့ မှာ ဘုရားကျောင်းရာပြည့် မှတ်တိုင် စိုက်ထူခဲ့ပြီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်မှာ ပထမဆုံး ဘုရားကျောင်းကို ခေါ်ဆရွာက ၁၉၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။…
ဗန်းမော် မြို့သိမ်းတိုက်ပွဲ ၆ လကျော် အတွင်း မင်းကင်း PDF ဒုတပ်ရင်းမှူးနှင့် ရဲဘော် ၁၄ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလတွင် စတင်ပါဝင်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းအထိ ခြောက်လကျော် တိုက်ပွဲကာလအတွင်း အဆိုပါတပ်ရင်း၏ ဒု−တပ်ရင်းမှူး၊…
တီးတိန်မြို့နယ် ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ် ပြန်ထိန်းချုပ်၊ ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်က စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို တိုက်ပွဲတွင် စစ်အုပ်စုဘက်က ဆေးတပ် ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးပွဲချင်းပြီး သေဆုံးပြီး စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် အပါအဝင် ၄ ဦးအပြင်းအထန် ဒဏ်ရာရကာ…
ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး၊ စစ်သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိ
အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာမှုကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ဝန်းကျင်သေဆုံးကြောင်း Chinland Council ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် Chinland Council တပ်ဖွဲ့၏ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း…