လားရှိုးတွင် စစ်ကောင်စီ လေယာဉ်ဖြင့်ချပေးသည့် ခဲယမ်း၊ ဆေးဝါးသေတ္တာ ၁၃ခု TNLA ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့်ချပေးသည့် ခဲယမ်းနှင့် ဆေးဝါးများကို သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။ ယခင်ကလည်း လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ချပေးသည့် ခဲယမ်းများကို TNLAက သိမ်းပိုက်ရရှိခဲ့ဖူးပြီး ယခုထပ်မံ ရရှိခြင်းဖြစ်သည်။ ယနေ့တွင် စစ်ကောင်စီက လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းသို့ ထပ်မံ၍ ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ချပေးရာ ဆေးဝါးနှင့်ခဲယမ်းသေတ္တာ…

ပဲခူးတိုင်း၊ ရွှေကျင်တွင် ခမရ (၃၅၁) ၏ စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်၊ လက်နက်ခဲယမ်းများရရှိပြီး တိုက်ပွဲဖြစ်ချိန် မိနစ် ၂၀ အတွင်း စစ်သားများအားလုံးထွက်ပြေး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ခမရ ၃၅၁ ၏ စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများရရှိကာ စခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ထံမှ သိရှိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က ပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ (၃၅၁) တပ်ရင်း အခြေစိုက်ရာ…

မတူပီမြို့နယ် ဝေးလူရွာ စစ်ကောင်စီ ဂျက်ဖိုက်တာ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ကလေး ၈ ဦးအပါအဝင် ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေးလူကျေးရွာ မနေ့ည ၇ နာရီပတ်ဝန်းကျင် စစ်ကောင်စီ က တိုက်ပွဲဖြစ်ခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ်များ ၈ ဦး အထိ သေဆုံးတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဝေးလူကျေးရွာအတွင်းရှိ လူနေအိမ် ၁၈ အိမ်ပျက်ဆီး ဆုံးရှုံးပြီး စာသင်ဆောင်…

ကျိုက်မရော၊ ချောင်းနှစ်ခွ နယ်မြေ ရဲစခန်းနှင့် တံတားဂိတ် စခန်း ၆ ရက်တာတိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် စစ်သား ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာ နယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို တိုက်ခိုက်မှုတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်တာ တိုက်ပွဲအတွင်း ဗိုလ်မှူး၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ…

မိုးဗြဲမြို့ ‘၁၁.၁၁စစ်ဆင်ရေး’အတွင်း စစ်ကောင်စီ၏ပင်မတောင်ကုန်းနှင့် စခန်း ၈ခုကိုမဟာမိတ်အင်အားစုများ သိမ်းပိုက်

ကရင်နီ(ကယား) ပြည်နယ်၊ မိုးဗြဲမြို့ ၁၁.၁၁ စစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ အချက်အချာကျသည့် ပင်မတောင်ကုန်းနှင့် စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ကြောင်း မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ယနေ့ အသိပေးထုတ်ပြန်သည်။ မိုးဗြဲနှင့် ဖယ်ခုံဒေသများအတွင်း အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁)တပ်ရင်းများဖြစ်ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆)…

ဂါဇာစီတီး ရှီဖာဆေးရုံထဲမှာ ဟားမတ်စ်တွေရဲ့ လက်နက်တွေ စတင်တွေ့ပြီဟု အစ္စရေးက ပြော

ဂါဇာစီတီးရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့ ရှီဖာဆေးရုံကို အစ္စရေးအထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရှာဖွေရာမှာ လက်နက်တွေအပါအဝင် အရေးကြီးအထောက်အထားတွေ စတင်တွေ့ရှိထားပြီလို့ အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၅ ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ရှီဖာဆေးရုံကို ၃ ရက်ကြာပိတ်ဆို့ထားပြီး နိုဝင်ဘာ ၁၅ ရက်နေ့မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး လောလောဆယ် အဆောင်တွေအလိုက် အသေးစိတ်ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပါတယ်။ ရှာဖွေရှင်းလင်းပြီးဖြစ်တဲ့ ရှီဖာဆေးရုံ MRI စင်တာထဲကနေ လက်နက်တွေ တွေ့ရှိတာကို…

တောင်ငူ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မောင်တောတွင် လက်နက်မချသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်‌၊ ဇေယျဝတီမြို့တွင် တောင်ငူ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် နေဝန်းထွန်း အပါအဝင် ရဲ ၃ ဦး တော်လှန်ရေး အဖွဲ့များက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ “ဇေယျဝတီက ရဲ ၂ ဦးလည်း သေတယ်။ ၁ ယောက်လွတ်သွားတယ်။ နေဝန်းထွန်း အလောင်းက အခုတောင်ငူအမှတ် ၂…

ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်း ၃ခု ထပ်မံသိမ်းပိုက်ရရှိဟု MNDAA ပြော

ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ယနေ့ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။ ၁၀၂၇ စစ်ဆင်ရေး ၂၀ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်နေ့ စစ်ရေးအခြေအနေကို ၎င်းကပြောပြခြင်းဖြစ်သည်။ “ဒီနေ့ကတော့ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်။ နေရာကတော့ ကိုးကန့်ခရိုင်မြောက်ဘက်ပိုင်းမော်ထိုက်ဒေသပေါ့နော်။ အဲဒီအတွင်းမှာရှိတဲ့တပ်စခန်း ၃ခုပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက…

လွိုင်ကော် “၁၁.၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃၈ ယောက် ၃၂ ဦး လက်နက်ချ အညံ့ခံ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်

ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်များနှင့်တကွ လက်နက်ချ အညံ့ခံကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။ ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ…

ဖလမ်းမြို့နယ်၊ စစ်ကောင်စီ၏ သီးဘွာလ်စခန်းကို CNDF က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အမြောက်အများရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) မနက် ၅ နာရီကျော်ခန့်တွင် CNO / CNDF တပ်ဖွဲ့မှ တိုက်ခိုက်သိမ်း လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း CNDF သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုနှင့် လက်နက်သိမ်းဆည်းရရှိမှုအရေအတွက်ကို…

You missed