ABSDF စစ်ကြောင်း(၁)နဲ့ မဟာမိတ်များမော်လူးမြို့ကို တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ရဲဘော်နှစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ သိမ်းဆည်းရမိသည့် လက်နက်များတွင် သေနတ်…

မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်း စခန်း ကုန်သွယ်ရေးဇုန်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက် ထိန်းချုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို ယနေ့ (ဒီဇင်ဘာ ၁၅) နံနက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထိန်းချုပ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ပြီးနောက် မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ လက်ကျန်ဗျူဟာကုန်းတပ်စခန်းကို ယနေ့…

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီဟု TNLA အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား၂၀ ပါဝင် စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်း မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား၂၀ ဦးနီးပါး ပါဝင် စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။…

ယူကရိန်း သမ္မတ ဇလန်စကီး နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ရောက်ရှိ

ယူကရိန်း သမ္မတ ဇလန်စကီးဟာ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ရောက်ရှိလာကြောင်း နော်ဝေအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဇလန်စကီးဟာ နော်ဝေ ဝန်ကြီးချုပ် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံကနေ အော်စလိုမြို့တော်ကို တိုက်ရိုက် ရောက်ရှိလာတာလို့ ဆိုပါတယ်။ အော်စလိုမြို့တော်မှာ ကျင်းပမဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်နဲ့ အိုက်စလန် နောဒစ် ထိပ်သီးဆွေးနွေးပွဲကို…

လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ယနေ့ သိမ်းပိုက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ၁၀ရက်) နံ နက် ၄နာရီခန့်မှစတင်ကာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ မနက် ၄နာရီလောက်ကဝင်တိုက်တာပါ။ မနက် ၉နာရီ ၁၅မိနစ်ဝန်းကျင်မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းနိုင်တာပါ” ဟု ၎င်းက ပြောသည်။ KNDF တပ်ခွဲမှူးတစ်ဦးကလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း…

ကလေးမြို့၊ စက်မှုဇုံအနီးမှာ မိုင်းနင်းမိလို့ ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက်မှုဇုံအနီးမှာ ဒီဇင်ဘာ ၉ ရက်နေ့ မနေ့ညနေက ဆိုင်ကယ်နဲ့ မိုင်းနင်းမိတာကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့ အမျိုးသမီးဟာ အသက် ၃ဝ အရွယ် ဖြစ်ပြီး မိုင်းနင်းမိကာ သေဆုံးခဲ့ပြီး သူနဲ့ အတူပါလာတဲ့ အသက် ၂၀ အရွယ် အမျိုးသားကတော့…

ဟားမတ်စ်နှင့် အစ္စရေး လေးရက်ကြာ အပစ်ရပ်ဖို့ သဘောတူ

ဂါဇာကမ်းမြောင်မှာ ၄ ရက်ကြာ အပစ်ရပ်ဖို့ ဟားမတ်စ်နဲ့ အစ္စရေး နှစ်ဘက်စလုံးက သဘောတူပြီလို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အပစ်ရပ် ၄ ရက်အတွင်းမှာ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံ အမျိုးသမီးနဲ့ ကလေးငယ် ၅၀ ကို ပြန်လွှတ်ပေးမှာဖြစ်သလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဥ်းသား အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြန်လွှတ်ပေးဖို့…

လောက်ကိုင်နယ်စပ်မျဉ်းရှိ တပ်စခန်းအပါအဝင်စစ်ကောင်စီစခန်း၂ခု ယနေ့ သိမ်းပိုက်နိုင် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၂၁၀ ခုကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။ ၁၀၂၇စစ်ဆင်ရေး နိုဝင်ဘာ ၂၂ရက် စစ်ရေးသတင်းကို မေးမြန်းရာ စခန်းသိမ်းပိုက်ရရှိမှုကို အသိပေးခြင်းဖြစ်သည်။ " ဒီနေ့က တုန်းရှမ်းဒေသပေါ့။ နေရာကတော့ လောက်ကိုင်မြို့ အရှေ့ဘက်ခြမ်း နယ်စပ်မျဉ်းနားလောက်မှာရှိတဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်ဗျ။ အဲဒီနားလေးမှာ ရင့်ရှိ ဆိုတဲ့ တောင်ကုန်းရှိတယ်။ အဲဒီတောင်ကုန်းပေါ်မှာရှိတဲ့…

ရွှေပြည်အေးမြို့ တိုက်ပွဲတွင် စစ်သုံ့ပန်း ၈ ဦးဖမ်းဆီးရမိ၊ မြို့သိမ်းနိုင်ရန် စခန်းငယ်တစ်ခုသာကျန်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့အား ယနေ့(နိုဝင်ဘာ ၂၃ရက်)၊ မနက်အစောပိုင်းမှ စတင်ကာPDF ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးဖမ်းဆီးရမိခဲ့ကာ၊ မြို့သိမ်းနိုင်ရန် စခန်းငယ်တစ်ခုသာကျန်ရှိတော့ကြောင်း ခန္တီးခရိုင် ပကဖထံမှ သိရသည်။ ” ဒီနေ့ ရွှေပြည်အေးမြို့က စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်အထိုင်စခန်း တွေကို လေကြောင်းတိုက်ခိုက်မှု တွေကြားကနေ ကျတော်တို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။…

ကလေးမြို့ရှိ စစ်ကောင်စီ၏ ရန်ကြီးအောင်စခန်းအား PDF သိမ်းပိုက်၊ လက်နက်အများအပြားသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်၏ ရန်ကြီးအောင် စခန်းအား ယနေ့ (နို၀င်ဘာ ၂၃ ရက်) မနက်ပိုင်းတွင် PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ်၊ ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ရန်ကြီးအောင်စခန်းကို နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများပြားခဲ့ကာ၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှလည် ကျဆုံးမှုများရှိခဲ့ကြောင်း…

You missed