ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်မြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေ ဆုံးပြီး ၂၁ ဦးလက်နက်ချအညံ့ခံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်း ထုတ်ပြန်သည်။ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်မှ နိုဝင်ဘာလ ၅ ရက် ည ၇…
တီးတိန်မြို့ပေါ်တွင် မိုင်းမတော်တဆမှုကြောင့် CNA ဒုဗိုလ်အပါအဝင် ရဲဘော် ၃ ဦးကျဆုံး
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် နိုဝင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီခွဲအချိန်က မတော်တဆမိုင်းပေါက်ကွဲမှု ကြောင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ဒုဗိုလ်အပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံသတင်း ရင်းမြစ်များထံက သိရသည်။ စစ်ဆင်ရေးပြုလုပ်ရန်အတွက် တီးတိန်မြို့အဝင်တွင် တိုယိုတာဟိုင်းလတ်ကားတစ်စီးပေါ်၌ မိုင်းများကိုပြင်ဆင် နေစဥ် ပေါက်ကွဲသွားခြင်းဖြစ်ပြီး ကားပေါ်တွင်ပါလာသည့် ရဲဘော် ၃ ဦးလုံး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။…
ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံးမြို့ကို ထပ်မံသိမ်းပိုက်
ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၅ ခုမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ကွမ်းလုံမြို့ကို MNDAA က အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်နဲ့ နမ့်ခမ်းမြို့တို့ကို အောက်တိုဘာ ၂၇ ရက်မှ…
အဆင်းရဲဆုံး ချင်းပြည်နယ် တွန်းဇန်မြို့ဒေသမှ ဘိန်းစိုက်ပျိုးမှု
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းကာ၊ဆင်းရဲမှုအခြေအနေ မြင့်တက်လာခဲ့ရာ ချင်းပြည်နယ်သည်လည်း ခါးသီးစွာ ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံ နယ်စပ်အနီးမှာ တည်ရှိနေသည့် တွန်ဇံမြို့ မြောက်ဘက် တောင်ကြောများပေါ်တွင် ဘိန်းစိုက်ပျိုးမှု များပြားလာခဲ့ပြီး အိန္ဒိယနိုင်ငံ မဏိပူရ်နယ်စပ်နှင့် ကပ်နေသည့် စစ်ကိုင်းတိုင်းဒေသတွေမှာပါ ဘိန်းများကို စိုက်ပျိုးလာနေကြောင်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်တွင်းမီဒီယာတခုက ဖော်ပြခဲ့သည်။ မကြာသေးမှီက social media…
နောင်ချိုမြို့သို့ သံချပ်ကာကား ၃စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်အား TNLA ကြားဖြတ်တိုက်ခိုက်၊ သံချပ်ကား တစ်စီးသိမ်းဆည်းရရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ သံချပ်ကာကား ၃စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား TNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား တစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။ ယနေ့(နိုဝင်ဘာ ၉ရက်)၊ မနက်အစောပိုင်းတွင် နောင်ချိုမြို့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီထံမှ သံချပ်ကာကားတစ်စီးကို သိမ်းဆည်းရမိခဲ့ခြင်းလည်းဖြစ်သည်။ “နောင်ချိုမြို့နယ်မှာ MDY PDF တပ်ဖွဲ့နဲ့ ပူပေါင်းပြီး…
မြောက်စည်းရဲစခန်းမှသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းပြီးနောက် စစ်ကောင်စီဘက်မှ အလောင်း ၉ လောင်း တွေ့ရပြီး ၊တော်လှန်ရေးတပ်ဖွဲ့များမှလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့သည်။ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များဘက်မှ VAKOK-CNDF…
မလေးရှားမှာ ချင်းတိုင်းရင်းသား CDM ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရ်မြို့၊ Cheras Maluri ရပ်ကွက်မှာ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၁ ဝန်းကျင်မှာ ချင်းတိုင်းရင်းသား CDM ရဲတပ်သား တစ်ဦး တိုက်ခန်းအောက်တွင် သေဆုံးလျက်တွေ့ရှိကြောင်း သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ CDM ရဲတပ်သားမှာ Pa Damasus Vum Lam Tuang (၂၃နှစ်) ဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့…
ပင်လယ်ဘူးမြို့ကို KIA၊ PDFနဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဖော်ဆောင်
စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့မှာ နိုဝင်ဘာလ ၇ရက် ယမန်နေ့ည ၅နာရီဝန်းကျင်အချိန်စပြီး KIA၊ PDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးချိန်မှာ အလံဖြူပြပြီး လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ရှိတယ်လို့လည်း မြေပြင်သတင်းအရသိရပါတယ်။ မြို့အတွင်းဖုန်းလိုင်းများဖြတ်တောက်ထားတာကြောင့် အကုန်အပြီးသတ် မြို့ကိုသိမ်းနိုင် မသိမ်းနိုင်ကိုတော့ မသိရသေးပေမယ့် အဓိကနေရာတွေကို သိမ်းနိုင်ပြီလို့လည်း မြေပြင်နှင့်နီးစပ်သူတစ်ဦးထံက သိရပါတယ်။…
ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် SNA ဘက်မှ ၂၀ ဦးထက်မနည်းသေ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှ လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် (SNA) ပူးပေါင်းတပ်မှ ဗိုလ်ကြီးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မုံရွာ - ဟုမ္မလင်း ပြည်တောင်စုလမ်းပိုင်းပေါ်တွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် လွှစင်ကုန်းစခန်းကို ခန္တီခရိုင် တပ်ရင်း(၁)မှ ဦးဆောင်ပြီး နိုဝင်ဘာ ၂ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ ၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့(…
တမူးမြို့နယ်၊ မန်မော်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်
November 8, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး – တမူးလမ်းပိုင်း၊ မန်မော်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။…