September 12, 2023 || Tongsan Media Group ||

တအာင်းတပ်မတော် (TNLA)နဲ့ မန္တလေး PDF တို့ ပူးတွဲဆင်နွှဲနေတဲ့ ကနောင်စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က ၈၀ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF က မနေ့က စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။

ကနောင်စစ်ဆင်ရေးကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူးတစ်ဦး၊ ဒုစစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သား ၇၆ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း PDF ဘက်မှ ၂ ဦး ကျဆုံးပြီး ၁၀ ဦး ဒဏ်ရာရကာ TNLA ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မဖော်ပြထားပေ။ စစ်တပ်ရဲ့ MA-1 ၄ လက်၊ MA-2 ၇ လက်၊ MA-3 ၉ လက်၊ စနိုက်ပါ ၁ လက်၊ 5.56 mm ကျည် (၁,၈၇၅)ထောင့်၊ ကျည်ဘောက်၊ နင်းမိုင်း၊ ဗုံးသီး၊ လက်ပစ်ဗုံး၊ လက်ထိပ်၊ ဦးထုပ်၊ ဖုန်း၊ ဆက်သွယ်ရေးစက်နဲ့ တခြားအသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကနောင်စစ်ဆင်ရေးဟာ ပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိမှာလည်း စစ်ကောင်စီ တပ်မ (၉၉)၊ တပ်(၁၀၁) လက်အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇)နဲ့ စကခ ၁ လက်အောက်ခံ ခမရ (၅၀၂)က အင်အား (၄၀၀)ဝန်းကျင်နဲ့ထိပ်တိုက် ရင်ဆိုင်ထားကာ စစ်ရေး တင်းမာလျက်ရှိပြီး လက်ရှိ ထုတ်ပြန်ချက်ဟာ ကနောင် စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed