စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ဦးသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် တနေရာရှိ နယ်မြေခံကင်းစခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် စခန်းရှိရဲဘော် ၇ ဦးအား အရှင်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကြောင်းကနေ ဆက်တက်ပြီးမှ ပြန်‌ဝင်တာဆိုတော့ ကင်းလောက်ပဲ ရှိခဲ့ပုံရတယ်။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ လုံခြုံရေးအခြေအနေအရ စီးနင်းခံရတဲ့စခန်းတည်နေရာနဲ့ ကျဆုံးရဲဘော်တွေဟာ ဘယ်အဖွဲ့ကဆိုတာ မသိရသေးပါဘူး။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုပကဖအဖွဲ့ထံ ဆက်သွယ်​မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ ရွှေဘိုမြို့နယ်အတွင်း ရွှေဘို-မန္တလေးလမ်းပိုင်းမှာတော့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွားဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed