စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ် (ရေတပ်) ဗိုလ်ချုပ်ကြီးမိုးအောင်ကို ဖယ်ရှား၍ စစ်ဦးစီးချုပ်အရာရှိချုပ် (ရေတပ်) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲ၀င်းမြင့် ဖြင့် အစားထိုးပြောင်းလဲခန့် အပ်လိုက်ကြောင်း သိရသည်။ တပ်မတော် (ရေတပ်) ချုပ် အဖြစ်မှ ဖယ်ရှားခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးမိုးအောင်ကို အမျိုးသား လုံခြုံရေးကောင်စီ၏ အကြံပေးအဖြစ် ရွှေ့ပြောင်းလိုက်ကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

“ဒါကရေချုပ်ကို အရန်အင်အားပို့လိုက်တဲ့သဘောပဲ။ အရင်လ တွေကတည်းက စစ်နေ တာတွေရှိတယ်။ နောက်ထပ် စစ်တိုင်းမှူးတွေကိုလည်း အရန်အင်အားပို့ပြီး အစားထိုးဖို့ တွေရှိတယ်။ လက်နက်ချအညံ့ခံတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဂယက်ရိုက် နေတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ရာထူးပြောင်းရွှေ့ခန့်အပ်ခြင်းမပြုလုပ်ခင် ကတည်းက ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင်ပြုလုပ်သည့် ဆွေးနွေးပွဲများ အရေးကြီးခရီး စဉ်များတွင် အသုံးပြုခြင်းမရှိတော့ဘဲ ဒုတိယဗိုလ် ချုပ်ကြီး ဇွဲ၀င်းမြင့်ကိုသာ နေရာပေးလာသည်ကို တွေ့ ရသည်။

အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၏ တိုင်းမှူးကို အရန်အင်အားသို့ပို့ပြီး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ၏ ကျောင်းအုပ်ကြီးဖြင့်အစားထိုးပြီး လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ် ငန်းများညွှန်ကြားရေးမှူး(ငွေစက္ကူဝါဇီ)မှ ညွှန်ကြားရေးမှူးကိုလည်း အရန် အင်အားပို့လိုက်ကြောင်း စုံစမ်းသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed