ရှမ်းပြည်နယ်​၊ နောင်ချိုမြို့နယ်၊ ကျောက်မဲလေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် PSLF/TNLA + MDY PDF ပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရန်အောင်မြင်၊ ပန်ကျရော ကျေးရွာတို့ကို Y12 လေယာဥ်ဖြင့် ၈ ကြိမ်၊ Jet Fighter ဖြင့် ၅ ကြိမ် ဗုံးသီး ၂၅ လုံး လာရောက် ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိူးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၆၈ ဂိတ်တပ်က ဟိုလောင်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ အနီးတဝိုက်ကို လက်နက် ကြီးဖြင့် ၁၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း သုံးဆယ်ကျေးရွာကို လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲသောကြောင့် မိုင်းယော်ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသပြည်သူ အမျိုးသမီး ၄ ဦး ကျည်စထိမှန် သေဆုံးခဲ့ပြီး လူနေအိမ် ၂၀ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed