August 14, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီ စခန်းတစ်ခုကို ယနေ့ဩဂုတ်လ ၁၄ ရက် မနက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး (CNA)၊ CDF-Thantlang နဲ့ CDF-Zophei ပူးပေါင်းတပ်ဖွဲ့ မှ ဝင်ရောက်သိမ်းယူကာ စစ်ကောင်စီတပ်သား ၂ကို အရှင်ဖမ်းမိကြောင်း သိရတယ်။

CNA, CDF ပူးပေါင်း တပ်ဖွဲ့မှ ထန်တလန်မြို့အ၀င်နားရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်ခွဲစခန်းကို တိုက်ခိုက်ကာ လက်နက် ၆ ခု သိမ်းဆည်းနိင်ခဲ့သည့် အပြင် စစ်ကောင်စီတပ်သား ၂ ဦး အရှင်ဖမ်းနိင်ထားတယ် လို့ ဆိုပါတယ်။ CDF ထန်တလန်တပ်ဖွဲ့မှ ၁ ဦး၊ CDF Zophei တပ်ဖွဲ့မှ ၂ ဦး စုစုပေါင်း ၃ ဦးကျဆုံးပြီး ပြည်သူ ၃ ဦးကျ ဆုံး တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက် ကျဆုံးမှုအခြေအနေ များသောကြောင့် ဟားခါးမြို့မှ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သည့်အပြင် ထန်တလန်မြို့ နဲ့ ငါးမိုင်ခန့်အကွာ ခွါဖိုကျေးရွာကို တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ခွါဖို နှစ်ခြင်းဘုရားကျောင်း အဆောက်အအုံ အပါအဝင် လူနေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၃ခုနှစ် မတ်လ ၃၀ ရက်တုန်းကလည်း ခွါဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ကိုးဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အတိုက်အခိုက်တွေရှိနေတဲ့အတွက် အရေးပေါ်ကာလအတွင်း တည်ငြိမ်အောင်လုပ်မယ်လို့ ဇူလိုင်လ ၃၁ ရက်က ပြောဆိုခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed