August 14, 2023 || Tongsan Media Group ||

ကလေးမြို့ ဘူတာလမ်းခွဲအနီး Joy စားသောက်ဆိုင်ရှေ့ ဗိုလ်ချုပ်လမ်းမဘေး အမှိုက်ပုံးဘေးတွင် ယနေ့မနက် ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သား တစ်ဦးထိခိုက်ဒါဏ်ရာရရှိကာ အသက်သေဆုံး သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် Joy စားသောက်ဆိုင်ရှေ့ အမှိုက်များရှင်းလင်း နေစဉ် အသက် ၃၉ နှစ်အရွယ် ချင်းအမျိုးသား လွန်းလမ်းထန် သည် ဗုံးပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက် ပြတ်ထွက်သွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသော်လည်း သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ သူက ဆိုင်ရှေ့မှာ သန့်ရှင်းရေးလုပ်နေတာ ပြီးတော့ပြီးသွားပြီး သန့်သန့်လေးဖြစ်အောင်ဆိုပြီး အမိုက်ပုံးဘေး ကို ထပ်ရှင်းတယ် အဲမှာ ဗုံးရှိမှန်းမသိဘူး ရှင်းရင်းနဲ့ ဗုံးပေါက်ကွဲသွားတာ” ဟု ဒေသခံက ပြောသည်။ အခင်းဖြစ်ပွားပြီးနောက် ဒဏ်ရာရလူနာကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးကြသော်လည်း ဆေးရုံ အရောက်တွင် အသက်သေဆုံးခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ဗုံးပေါက်ကွဲသည့် နေရာအား ရှင်းလင်းကြကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ အရပ်သား ပြည်သူများ သွားလာနေသည့် နေရာအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပြီး ထိုသို့ ဗုံးထောင်ထားသူမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရှိကြောင်း ဒေသခံ များကပြောသည်။ ကလေးမြို့တွင် ယခုရက်ပိုင်းအတွင် လမ်းသွားလမ်းလာများသည့် လမ်းဘေးတွင် ဗုံးပေါက်ကွဲမှု ခတ်စိတ်စိတ်ဖြစ်ပွားနေပြီး ဩဂုတ်လ ၈ ရက်နေ့ကလည်း တာဟန်း-လက်ပံချောင်းကားလမ်းနဘေးတွင် ဗုံးပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed