ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို တအာင်းတပ်မတော် (TNLA)က အလုံးစုံထိန်းချုပ်ထားကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က က ထုတ်ပြန်ပြောဆိုလိုက်ပြီး နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့ ၉ မြို့ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ၁၀၂၇ စစ်ဆင်ရေး ၁၅ ရက်မြောက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့ ၉ မြိုရှိလာပြီဖြစ်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ ၊ ကောလင်း၊ ခမ်းပတ် နှင့် နမ့်ခမ်းမြို့ တို့ဖြစ်ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲ နေချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲ လှုပ်ရှားရာ ကိုးကန့်၊ တအာင်းဒေသ များ အတွင်း စစ်ဆင်ရေး သတ်မှတ်ထားသည့် နေရာဒေသများ အပါအဝင် မဟာဗျူဟာမြောက်ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နှင့်ဆက်စပ်နေသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်းတပ်မတော် (TNLA) သည် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားကာ ပြည်သူများလည်း ပုံမှန်သွားလာလှုပ်ရှားနေကြပြီး ကောင်းမွန်စွာ လည်ပတ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၈ နာရီ ၂၄ မိနစ်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၃ စစ် ဒေသ၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ “ခိုမုန်းတပ်စခန်း”မှ ခိုမုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁ ကြိမ်၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြိုနယ်၊ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းမှ နာငင်း ကျေးရွာဘက်သို လက်နက်ကြီးဖြင့် ၁ ကြိမ်၊ နံနက် ၁၀ နာရီခန့် မှ ညနေ ၄ နာရီ ၁၄ အချိန်ခန့်ထိ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိးမြိုနယ်ရှိ စစ်ကောင်စီ၏ လက်အောက်ခံ ခလရ – ၆၈ မှ မိုင်းတင်ကျေးရွာအုပ်စုဘက်သို လက်နက်ကြီး ဖြင့် ၁၀ ကြိမ်ခန့် နှင့် ညနေ ၂ နာရီ မိနစ် ၄၀ ခန့်တွင် တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ ၁၀၅ မိုင်တပ်စခန်းမှ နမ့်ပန်ကျေးရွာ ဘက်သို လက်နက်ကြီးဖြင့် ၇ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ပြင်ဦးလွင်မြို့ စစ်တပ်မှ Mi 17 စစ်ရဟတ်ယာဉ်ဖြင့် ကျောက်မဲမြို့ ဘက်ရှိ စစ်တပ်အတွင်းသို့ စစ်အင်အား လူ၊ လက်နက်ခဲယမ်းများဖြင့်တင်းခြင်း ၄ ကြိမ်ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed