July 28, 2023 || Tongsan Media Group ||

ကရင်နီ ပြည်နယ်၊ ဖားဆောင်းမြို့ မြောက်ဘက် အထွက်ရှိ စစ်ကောင်စီ အယောက် ၄၀ လောက် တပ်စွဲတဲ့ နေရာကို မနေ့ (ဇူလိုင် ၂၇ရက်)က ကရင်နီပူး ပေါင်းအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၂၀ ခန့် နှင့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က သတင်းဌာနသို့ ပြောထားသည်။

စစ်ကောင်စီထံမှသိမ်းဆည်းရမိသည့် ဓာတ်ပုံ မှတ်တမ်းနှင့် လက်နက်ခဲယမ်းများအရ လက်နက်ကြီး ကျည်များအပါအဝင် အာပီဂျီ၊အီနာဂါနှင့် ကျည်ဆံငယ် ထောင်နှင့်ချီ ပါဝင်သည်။ ထို့အပြင် ဆက်သွယ်ရေးစက်နှင့် စစ်ကောင်စီ ၏ တပ်မ (၆၆)နှင့် (၅၅)ဘတ်တံဆိပ်ပါ ဝတ်စုံများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းကို ဇူလိုင် ၂၁ရက်ကစ၍ မြေပြင်တပ်ရင်း သုံးခုအသုံးပြုပြီး လေကြောင်းဖြင့်ပါ စစ်ကောင်စီ​က နေ့စဥ် ထိုးစစ်ဆင်နေသည်။

ထို့အပြင် ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းကစ၍ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ်(ကျောက်ပန်းညိုရွာ)ကျော်ကာ မယ်စဲ့မြို့နယ်ရှိ ကျောက်စုရွာသို့ စစ်ထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့မှု ပြင်းထန်ခဲ့သည်။ လက်ရှိ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုမူ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုခြင်းမပြုသေးပေ။

ဇွန်လဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းလိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့နှင့် ဖားဆောင်းမြို့တို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းပြီးနောက် ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed