July 29, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စိုင်ပြင်၊ ညောင်ကန်၊ ရွာသာ စတဲ့ ကျေးရွာတွေကို မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက် ‌သေဆုံးသူ ၆ ဦးအထိရှိလာတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။ “မနေ့မနက်က ညောင်ကန်ရွာထဲမှာ ဗကသ ကျောင်းသား ၃ ယောက် ရဲ့ ရုပ်အလောင်းရတယ်။ ညနေပိုင်းကျ ညောင်ကန်နဲ့ ရွာသာအစပ်မှာ အလောင်း ၃ လောင်းတွေ့ရတာပါ။ ညနေတွေ့တဲ့ အလောင်းတွေထဲက တချို့ကမကောက်ရသေးဘူး” လို့ မြေပြင်မှာရှိနေသူ ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။

ညောင်ကန်ရွာထဲက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရုံးခန်းထဲမှာပဲ စစ်ကောင်စီသတ်ဖြတ်တာခံခဲ့ရတဲ့ ကျောင်းသား ၃ ယောက် ဟာ အသက် ၁၈ နှစ်အရွယ် ကိုကျော်ဝင်းသန့် (ဥက္ကဋ္ဌ)၊ အသက် ၁၉ နှစ်အရွယ်များဖြစ်သော ကို‌ကြယ်စင်ငြိမ်းချမ်း (ဒုဥက္ကဋ္ဌ) နှင့် ကိုသုတနေ (သတင်းပြန်ကြားရေးမှူး) တို့ ၃ ဦးအပြင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးနှင့် ရွာသားတစ်ဦးလည်း သတ်ဖြတ်ခံရသည်ဟု သတင်းကြားရကြောင်း အထက်ပါ ဗသကကျောင်းသားက ပြောသည်။

“နံနက်အစောပိုင်းမှာတင် ရွာကို စစ်ကြောင်းလေးကြောင်းနဲ့ စီးခံရချိန်မှာ သုံးယောက်ကို မိသွားပြီးတော့ လက်ပြန်ကြိုးတုပ်၊ ရင်ဘတ်တွေကို ဓားတွေနဲ့ ထိုး၊ နှိပ်စက်ပြီးတော့မှ ပစ်သတ်သွားတယ်လို့ သိထားတယ်။ စစ်ကြောင်းက (ရွာတွေကနေ) မထွက်သေးတဲ့အတွက် အသေးစိတ်တော့ မသိရသေးဘူး” ဟု ဘုတလင်ဒေသခံတစ်ဦးက ပြောသည်။ ရဲ့ ရုပ်အလောင်းကို မနေ့မနက်ပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့ပြီးပြီလို့ သိရပါတယ်။ ‌

နောက်ထပ် ထပ်မံတွေ့ရတဲ့ သေဆုံးသူ ၃ ယောက်အကြောင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ဒီကနေ့ မနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ဘုတလင်မြို့ပေါ်ကိုပြန်ကြပြီး အချို့ကတော့ ဆုံကုန်းကျေးရွာ‌ထဲကို ဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒါကြောင့် ဆုံကုန်း၊ ကွက်သစ်စတဲ့ ‌ရွာတွေဘက်က ဒေသခံတွေ စစ်တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ကြောင်းထိုးသွားလာတဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်တာမတွေ့ရပါဘူး။

Ref: BBC Burmese

Translated: Tongsan admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed