August 23, 2023 || Tongsan Media Group ||

မြို့တော် Aizawl မှ ၂၁ ကီလိုမီတာခန့်အကွာ မီဇိုရမ်ပြည်နယ် Sairang မြို့နှင့် Bairabi မီးရထားဘူတာများကြား Kurung မြစ်ပေါ်တွင် တည်ဆောက်ဆဲ မီးရထား တံတား အမြင့်မှာ ၁၀၄ မီတာကို ယနေ့ဩဂုတ် ၂၃ ရက် မနက် ၁၀ နာရီ အချိန်တွင် ပြိုကျလို့ ယခုအချိန်အထိ အပျက်အစီးများထဲမှ ရုပ်အလောင်း ၁၇ လောင်းကို ဆယ်ယူရရှိထားပြီး ၇ ဦးပျောက်ဆုံးလျက်ရှိတယ် လို့ Young Mizo Association ၏ Sairang ဌာနခွဲသည် လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ နေကြောင်း သတင်းရရှိပါတယ်။

တံတား၏ အမြင့်မှာ ၁၀၄ မီတာဖြစ် ပြီး အခု ဆောက်နေတာ နှစ်အတော်ကြာပြီ။ ပြိုကျချိန်မှာ ဆောက်လုပ်ရေးလုပ်သား ၃၅ ယောက်ကနေ ၄၀ လောက်ရှိတယ် လို့ ဆို ပါတယ်။ စီမံကိန်းပြီးသည်နှင့် အိုင်ဇောလ်ကို အမျိုးသားရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ရသည်။ “ပြိုကျခဲ့တဲ့ တံတားဟာ အရှေ့မြောက်ဒေသမှာရှိတဲ့ ပြည်နယ်မြို့တော်အားလုံးကို ဆက်သွယ်ဖို့ အိန္ဒိယ မီးရထား စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ မတော်တဆမှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး” ဟု Northeast Frontier Railway (NFR) ၏ လူထုဆက်ဆံရေး အရာရှိချုပ် Sabyasachi De က ပြောကြားခဲ့သည်။

အဖြစ်အပျက်ကို တုံ့ပြန်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ် CM Pu Zoramthanga က ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ဤအဖြစ်ဆိုးကြောင့် ဝမ်းနည်းကြေကွဲခဲ့ရပါသည်။ ကျန်ရစ်သူမိသားစုများအားလုံးကို အထူးဝမ်းနည်းကြေကွဲပြီး ဒဏ်ရာရသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီပေးကြတဲ့ အများအပြား ထွက်လာကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်း CM က X မှာ ရေးတင်ခဲ့ပါတယ်။

Source: Indian Express

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed