August 23, 2023 || Tongsan Media Group ||

ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို လုပ်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန က ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ရင်းများထံသို့ ဒရုန်း ၄၀၀ ကျော် ပို့ပေးထားကြောင်း ထုတ်ပြန်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ပြည်သူလူထုကြီး၏ တော်လှန်ရေး ရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ဒရုန်း အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက် ပို့ဆောင်ထားကြောင်း ယနေ့ ဩဂုတ် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ပို့ဆောင်ထားသည့် ဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို လုပ်ဆောင်နေပြီး ထို ဒရုန်းများသည် စစ်ကောင်စီတပ်သားများ၏ စိတ်ဓာတ်ရေးရာအရ ခြိမ်းခြောက် တိုက်ပွဲဝင်နေသည့် PDF ဒရုန်းများဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသည်။ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကောင်စီအဆောက်အဦးများနှင့် တပ်စခန်းများကို ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်များ က တိုက်ခိုက်ရာတွင် ဒရုန်းများဖြင့် အသုံးပြုလာနေ၍ စစ်ကောင်စီ အတွက် အထိနာသော စစ်ရေးဗျူးဟာ တစ်ခု ဖြစ်လာသည်။

Source: Western News

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed