September 16, 2023 || Tongsan Media Group ||

အမေရိကန် ခရုစ်ဒုံးကျည်တင် ရေငုပ်သင်္ဘော USS Florida ဟာ နိုင်ငံမြောက်ပိုင်း Tromsø မြို့ဆိပ်ကမ်းကို ဆိုက်ရောက်လာကြောင်း နော်ဝေ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အမေရိကန် ခရုစ်ဒုံးကျည်တင် ရေငုပ်သင်္ဘောနော်ဝေကို ရောက်လာတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။ နှစ်နိုင်ငံ အပြန်အလှန် စစ်ရေး သဘောတူညီချက်အရ ဒီရေငုပ်သင်္ဘော ရောက်လာတာဖြစ်ပြီး မကြာခင်မှာ နော်ဝေနိုင်ငံ မြောက်ပိုင်းမှာ အမေရိကန်ရဲ့ အကြီးမားဆုံး ကမ်းခြေစောင့်သင်္ဘော ထပ်မံရောက်ရှိလာမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ မြောက်ပိုင်းဒေသမှာ အမေရိကန်နဲ့ နော်ဝေရေတပ်တွေ အင်အားတိုးချဲ့နေသလို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာလည်း စက်တင်ဘာ ၁၅ ရက်က စတင်ပြီး နေတိုး စစ်ရေးကော်မတီ ဆွေးနွေးပွဲ စတင်ကျင်းပနေပြီး အဖွဲ့ဝင်နိုင်ငံတွေက စစ်ဦးစီးချုပ်တွေ တက်ရောက်နေတာလည်း တွေ့ရပါတယ်။ အမေရိကန် ရေငုပ်သင်္ဘော မလာခင်နဲ့ နေတိုး စစ်ဦးစီးချုပ်များ ဆွေးနွေးပွဲ မတိုင်ခင်ကတည်းက အော်စလိုမြို့တော် အပါအဝင် နော်ဝေမြို့ကြီး တော်တော်များများမှာ မြို့စောင့်တပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေ နေ့စဥ်ပြုလုပ်နေတာလည်း တွေ့ရပါတယ်။

Source: Burma News Network

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed