September 22, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်း တနေရာမှာ လူဦးရေ (၁၅၀) ကျော် လိုက်ပါလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်: သယ်ဆောင် မော်တော်တစ်စီး စက်တင်ဘာလ၂၀ ရက် နေ့လယ်ပိုင်း (၁၁)ခွဲလောက်က နစ်မြုပ်ခဲ့ပြီး စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းအ ထိအလောင်း စုစုပေါင်း ၂၀ ဦးအထိ တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုမော်တော်ဟာ စက်တင်ဘာ(၁၉)ရက် မနက်(၁၁)နာရီကျော်က မင်းကင်းနယ် မောက္ကတော် ကျေးရွာအနီးမှာ ကျောက်ဆောင်နဲ့တိုက်မိပြီး နစ်မြုပ်သွားတာဖြစ်တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာ၀န်ခံ ကိုညိုကြီးက ပြောပါတယ်။

နေ့လယ်ပိုင်း (၁၁)ခွဲလောက်က မောက္ကတော်ရွာအထက်နား ကျောက်တုံးတစ်ခုနဲ့မော်တော်က ပေါက်ပြီးမှ ထိုးမြုပ်သွားတယ်”လို့ မင်းကင်း ပကဖ တာ၀န်ခံ ကိုညိုကြီးက ပြောပါတယ်။ အဲ့ဒီ မော်တော်ပေါ် စီးနင်းလိုက်ပါကြသူတွေဟာ စစ်အုပ်စု တပ်သား (၃၀)ကျော်၊ ပျူတွေ၊ NON CDM ပညာရေးဝန်ထမ်းတွေ၊ တက္ကသိုလ်ကျောင်း တက်မယ့်သူနဲ့ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

မော်တော်နစ်မြုပ်ချိန်မှာ ခုန်ဆင်းနေခဲ့တဲ့အဘွားအိုတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပြီး နေ့လယ်ပိုင်းအထိ အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကိုသာ ရေထဲက ပြန်ရှာတွေ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အလောင်းတွေကို စစ်တပ်နဲ့ အဲ့ဒီနားက ပျူရွာတွေက စက်လှေခုနှစ်စီးနဲ့ ဝိုင်းရှာနေကြတယ်။အလောင်းက (၁၀)လောင်းပဲ ရသေးတယ်။ မျောလာမလားလို့ အောက်က စောင့်နေကြတာ။ အခုထိတော့ ဘာမှ မတွေ့ရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” မြုပ်သွားလို့ မစုန်တော့ဘဲ အဲ့နားမှာပဲ ရပ်နေတယ်။ မြစ်အောက်ဖက်ရွာတွေမှာ ပစ္စည်းတွေ မျောလာတာရှိတယ်”ဟု ကနီမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။ အဆိုပါ စစ်သင်္ဘောအုပ်စုသည် ပြီးခဲ့သည့် ဇူလိုင်က မုံရွာ၊ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့များသို့ ဆန်တက်သွားပြီး ယခု ပြန်ဆင်းလာခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed